BEC-TERO TV

ကင်ညာသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတိုးမြှင့်ထား

30 Nov 2017     1,385 Views


ကင်ညာသမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ထမ်းဆောင်မယ့် ယူဟူရူကန်ညတ်တာရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင်မှာ ကင်ညာမြို့တော် နိုင်ရိုဘီမှာ လုံခြုံရေးအင်အား တိုးမြှင့်ချထား ပါတယ်။ကင်ညာနိုင်ငံရဲ့ခေါင်းဆောင်အယောက်(၂၀)ကျော်လောက်က ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
 
ဒုတိယသမ္မတ အဖြစ်တာဝန်ထမ်းဆောင်မယ့် ၀ီလီယမ် ရူတိုလည်း တစ်ပြိုင်ထဲကျမ်းသစ္စာကျိန်ဆိုသွားမှာပါ။
ကင်ညာအတိုက်အခံပါတီခေါင်းဆောင် ရိုင်လာအိုဒင်ဂါက ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်ပြောဆိုခဲ့ပြီး သမ္မတကန်ညတ်တာဟာ ကင်ညာဥပဒေအရ တရားဝင်ရွေးကောက်ခံသမ္မတ မဟုတ်ဘူးလို့ စွပ်စွဲပြောဆိုထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလက ကင်ညာနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ မစ္စတာအိုဒင်ဂါက ပြောခဲ့ပါတယ်။
 
အောက်တိုဘာ လ (၂၆)ရက်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့(၃၉)ရာခိုင်နှုန်းသာ မဲလာပေးခဲ့ပါတယ်။ သြဂုတ်လ(၈)ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် အဲ့ဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိ နေတယ်လို့ ကင်ညာတရားရုံးချုပ်က ပယ်ဖျက်ခဲ့တာကြောင့် အောက်တိုဘာ ရွေးကောက် ပွဲကို ထပ်မံကျင်းပ ခဲ့ရတာဖြစ်ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲကို အနှောင့်အယှက်မလုပ်ဖို့ အတိုက်အခံတွေကို ရဲတွေက သတိပေးထားပါတယ်။ကျမ်းသစ္စာကျိန်ဆိုမယ့် နိုင်ရိုဘီမြို့ရဲ့ အားကစားရုံမှာ လူ(၆၀၀၀၀)ကျော်လောက် လာရောက်လိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။
 
 
 

30 Nov 2017     1,385 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS