BEC-TERO TV

တစ်ကိုယ်တွေ အခွေနဲ့ပတ်သက်ရင်ကြာလာတော့ စိတ်ဓာတ်တောင်ကျလာတယ် ဆိုတဲ့ ချစ်သုဝေ

30 Nov 2017     1,231 Views


ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက် ရဲ့ အမေ ဖြစ်တဲ့ ချစ်သုဝေ ဟာအနုပညာတွေကို ပြန်လည် လုပ်ကိုင်လာပြီလဲဖြစ်ပါတယ် ။ “ခေတ်လေးနဲ့ သစ်လေး က အခုဆိုရင် ဆယ်လပြည့်ပါပြီ ။ကလေးတွေကတော့ သူ့ အရွယ်အလိုက် စိတ်ပူရတာတွေကတော့မရိုးပါဘူး ။ကလေးတွေ ထိန်းဖို့ တော့ နှစ်ယောက်သီးသန့်ခွဲထားတာတော့မရှိပါဘူး ။ နှစ်ယောက်လုံးက အနုပညာသမားဖြစ်တဲ့အတွက် အလုပ်က ကန့်သတ်လို့မရပါဘူး ။ စနေ ၊ တနင်္ဂနွေဆိုရင် ပွဲတွေများတယ် ။ ပွဲရှိတဲ့ နေ့တွေဆိုရင် ကိုလင်းနဲ့ ညှိပြီးအပြငိထွက်ရတာပေါ့ ။ သူ့အားတဲ့ ရက် ကလေးထိန်းတဲ့ နေ့ကြရင် ကိုယ် Jealous ဖြစ်အောင် ကလေးတွေနဲ့ ပျော်တယ် ။ ပုံတွေ ဗီဒီယိုတွေ တင်တယ် ။ ရန်စတယ် ပေါ့နော် ။

အနုပညာနဲ့ ပတ်သက်ရင် ကြော်ငြာတွေ ရိုက်တယ်။ ရှိုးပွဲလေးတွေ ဆိုတယ် ။ ကလေးတွေ ထိန်းဖို့ ဆရာမတွေ ခေါ်ထားပေမယ့် သူတို့လည်း Personal ကိစ္စတွေရှိတော့ ခွင့်ယူကြတယ် ။ ကလေးတွေကလည်း ကိုယ့်လက်ကမလွတ်သေးတဲ့ အရွယ်ဆိုတော့ အချိန် တအား အခက်အခဲ ဖြစ်တယ် ။ အခုဆိုရင် တစ်လကို တစ်ခါ နေမကောင်းပုံမှန်ဖြစ်တယ် ။ အိပ်ချိန်မမှန် စားချိန်မမှန်တာတွေကြောင့် ကိုယ်ခံအားနည်းတာလည်း ပါတာပေါ့ ။ တစ်ကိုယ်တော် အခွေ မထွက်တာ ကြာလို့ ပရိသတ်တွေ မေးကြပေမယ့် အခွေအတွက်ကျန်တာတွေ အားလုံးပြီးနေပြီ  ထရီဇာ ဆိုဖို့ပဲကျန်တော့တယ် ။ အမှားအယွင်းနည်းအောင် လုပ်ရင်းနဲ့ ကြာနေရတာပါ ။ ပရိသတ်ကိုလည်း အားနာတော့အခွေထွက်ခါနီး အားလုံးအဆင်သင့် ဖြစ်မှပဲ ကြောညာပါတော့မယ် ။ အခွေနဲ့ ပတ်သက်ရင် ကြာလာတော့ စိတ်ဓာတ်တောင်ကျလာတယ်” ဆိုပြီးပြောထားပါတယ် ။

Credit:popular 


30 Nov 2017     1,231 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment