BEC-TERO TV

အိုးအိမ်မဲ့များအတွက် နှစ်ထပ်ဘတ်စ်ကားကို နေစရာနေရအဖြစ်ပြုပြင်လှူဒါန်း

30 Nov 2017     1,405 Views


နေစရာအိမ်မရှိသော အိုးအိမ့်မဲ့ ပြဿနာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ယူအက်စ်၊ ယူကေတို့မှာလည်း ရင်ဆိုင်နေရဆဲ ပြဿနာတစ်ရပ်ဖြစ်သည်။

အစိုးရအနေနဲ့ မူဝါဒများချမှတ်ဆောင်ရွက်နေသော်လည်း အိုးအိမ်မဲ့ပြဿနာမှာ သောင်စပ်ပေါ်လာတင်နေသော ကြယ်ငါးများသဖွယ် အပြီးတိုင်ရှင်းလင်းဖို့ အခက်တွေ့နေဆဲဖြစ်သည်။
ဒီလိုအခြေနေမျိုးထဲမှာ အင်္ဂလန်နိုင်ငံက အမျိုးသမီးနှစ်ဦး ဦးဆောင်သော ပရဟိတအဖွဲ့မှ နှစ်ထပ်ဘတ်စ်ကားကြီးကို အိုးမဲ့အိမ်မဲ့ နေစရာနေရာမရှိသူများအတွက် နားခိုရာအိမ်အဖြစ် ပြုပြင်ဖန်တီးပြောင်းလဲပေးနိုင်ခဲ့သည်။


Porstmouth တွင် နေထိုင်ကြသော Sammy Barcroft နဲ့ Joanne Vines တို့နှစ်ဦး ဦးဆောင်တဲ့ ပရဟိတအဖွဲ့ဟာ အိုးအိမ်မဲ့ပြဿနာကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးရန် The Rucksack ဆိုတဲ့ ပရော့ဂျက်တစ်ခုကို စတင်ခဲ့ကြပါတယ်။


ပထမဦးစွာ နှစ်ထပ်ဘတ်စ်ကားများကို အွန်လိုင်းပေါ်တွင် အလှုခံခဲ့ရာ ကားသုံးစီး ရရှိခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ အကြံအစည်ကို ပရဟိတအဖွဲ့ထဲမှာ ပြောပြတိုင်ပင်လိုက်တယ်ဆိုရင်ပဲ အဖွဲ့ထဲမှ ပညာရှင် အယောက် ၇၀၊ ၈၀ လောက်ရောက်ရှိလာပြီး သူတို့ရဲ့ လုပ်အားနဲ့ ပညာကို လှုဒါန်းလုပ်ကိုင်ပေးခဲ့ကြပါတယ်။


ကားကိုလူအများနေနိုင်အောင် ပြင်ဆင်ဖို့အတွက် အဖွဲ့မှ ဒေါ်လာ ၈,၀၀၀ လှူဒါန်းခဲ့ပြီး အဖွဲ့ဝင်များက ဒေါ်လာ ၃၃,၀၀၀ နဲ့ ညီမျှတဲ့ ပညာနဲ့ လုပ်အားများကို လာရောက်ကူညီလုပ်ကိုင် လှူဒါန်းခဲ့ကြပါတယ်။


ဘတ်စ်ကားကြီးကို ပညာရှင်များနဲ့ ဝိုင်းဝန်းပြုပြင်ပြီးတဲ့အခါမှာတော့ လူ ၁၂ ယောက်အိပ်နိုင်သော အိပ်ယာ၊ ဧည့်ခန်းနဲ့ ပစ္စည်းစုံပါတဲ့ မီးဖိုဆောင်တစ်ခုကို ဖန်တီးပြုပြင်နိုင်ခဲ့ပါတယ်။
ပြုပြင်ထားတဲ့ ဘတ်စ်ကားအတွင်းပိုင်းပုံများကို ဆက်လက်အားပေးကြည့်ရှုပါ။




30 Nov 2017     1,405 Views




RELATED

Most Popular of Special or Others

Most Popular of Life Style