BEC-TERO TV

ခွင့်ပြုချက်မရှိတဲ့ ဆက်သွယ်ရေးတာဝါတိုင်နဲ့ ကေဘယ်လ်ကြိုးတွေ ဒီဇင်ဘာကုန်ရင် ဖယ်ရှားမည်

30 Nov 2017     1,556 Views


ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ (YCDC) ခွင့်ပြုချက် မရှိဘဲ စိုက်ထူထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်နဲ့ ကြိုးတွေကို သည်နှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း ဖယ်ရှားမှာပါ။
အမ်ပီတီနဲ့ Eager Communication Group နှစ်ခုသာ ဆက်သွယ်ရေး တာဝါတိုင်နဲ့ ကြိုးတွေတပ်ဆင်ခွင့် စည်ပင်က ပေးထားပြီး ကျန်တဲ့ ကုမဏီတွေက ခွင့်ပြုချက် မရယူထားဘူးလို့ ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားပါ တယ်။ ဆက်သွယ်ရေး ဝန်ဆောင်မှုလိုင်စင်ရရှိထားတဲ့ ကုမဏီတွေက စည်ပင်နယ်နိမိတ်အတွင်း ဆက်သွယ်ရေးတိုင်နဲ့ ကြိုးတွေသွယ်တန်းဖို့ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီမှာ ဒီဇင် ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ခွင့်ပြုမိန့်တောင်းခံဖို့ သတိပေးထားပါတယ်။
 
ဆက်သွယ်ရေး တာဝါတိုင်တွေ ဆက်သွယ်ရေးကုမဏီတွေကို ခွင့်ပြုပေးနေတာဟာ နေပြည်တော် ဆက်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာနက ဖြစ်ပါတယ်။ တရားဝင်ခွင့်ပြုချက် တောင်းခံပြီး လုပ်တဲ့ ကုမဏီ အနည်းငယ်သာရှိပြီး အများစုက ကိုယ့်သဘောနဲ့ကိုယ်လုပ်နေတာများတယ်လို့ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနှင့် စက်မှုဝန်ကြီးက ပြောပါတယ်။
 
မှတ်ပုံတင်ထားခြင်း မရှိသည့် ဆက်သွယ်ရေးကြိုးများနှင့် တာဝါ တိုင်များကို ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ် နီလာကျော်က နိုဝင် ဘာလ ၂၀ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားထားတာပါ။
 
သူက “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဆက်သွယ်မှုညွှန်ကြားမှု ဦးစီးဌာနကို ခေါ်ယူတာ သုံးကြိမ်ရှိပြီ”လို့ ဆိုပါတယ်။ စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ်ဦး သော်တာအောင်က သူ့မြို့နယ်အတွင်းမှာ ရေမြောင်းတွေအတွင်း ကေ ဘယ်လ်ကြိုးတွေက ရေစီးရေလာကို ပိတ်ဆို့စေတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။ သည်မေးခွန်းမေးပြီး တစ်ပတ်အကြာမှာ ခွင့်ပြုချက်မရှိတဲ့ ကေဘယ်လ်ကြိုးတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ သည်လ ၂၈ ရက်နေ့ သတင်းစာကနေ အသိပေးထားပါတယ်။
 
Credit >> kumudranews

30 Nov 2017     1,556 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS