BEC-TERO TV

ရှယ်ယာဝင်များထံမှ ကျပ်သိန်းသောင်းချီလိမ်လည်၍ ကုမ္ပဏီပိုင်ရှင် ထွက်ပြေးတိမ်းရှောင်

01 Dec 2017     1,336 Views


Jude Jude Family၊ သင့်မြတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ပိုင်ရှင်အမျိုးသမီးသည် အစုရှယ်ယာထည့်ဝင်ထားသူများထံမှ ကျပ်သိန်းပေါင်း ရှစ်သောင်းခန့် လိမ်လည်၍ တိမ်းရှောင်နေ ကြောင်း ရှယ်ယာထည့်ဝင်ထားသူများက 7Day Daily အား ပြောကြားသည်။


ယမန်နေ့ညတွင် ရှယ်ယာဝင်ဦးရေ ၂၀၀ ခန့်သည် အဆိုပါလုပ်ငန်းရုံးဖွင့်ထား သော ဆီဒိုးနားဟိုတယ်သို့ လာရောက်စုရုံး ကာ ရှယ်ယာငွေများ ပြန်လည်ရရှိရန် တောင်းဆိုခဲ့သည်။ ရှယ်ယာ ဝင်များက ရဲတပ်ဖွဲ့ဝင် အချို့နှင့် ရှေ့နေများ ခေါ်ဆောင်လာကာ ကုမ္ပဏီရှိ တာဝန်ရှိသူများကို ၎င်း တို့၏ ငွေကြေးကိစ္စ ဖြေရှင်းပေးရန် စုဝေးတောင်းဆိုခဲ့သည်။ သို့သော် ယမန်နေ့ညနေက အဆိုပါကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးသာ ရှိနေပြီး ရဲတပ်ဖွဲ့က ၎င်းနှင့်ညှိနှိုင်း၍ တိမ်းရှောင်နေ သည်ဆိုသော ဒေါ်သက်သက် မြိုင်နှင့် အဆက်အသွယ်ရရှိရန် ဆောင်ရွက်နေသည်။


အခင်းဖြစ်ရာသို့ ရောက်ရှိနေသော ရဲအရာရှိတစ်ဦးကို 7Day Daily သတင်းစာက မေးမြန်းရာဒေါ်သက်သက်မြိုင်ကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ပြီး မည်သည့်မှတ်ချက်မျှ မပေးနိုင်သေးကြောင်း ပြောသည်။


ကုမ္ပဏီရုံးခန်းရှိ ရှယ်ယာ ဝင်များနှင့် သက်ဆိုင်သောအ ချက်အလက်များအရ ရှယ်ယာ ဝင်ဦးရေမှာ ရန်ကုန်နှင့်နယ်များမှ လူဦးရေ စုစုပေါင်း ၁,၆၀၀ ခန့်ရှိ သည်။ ရှယ်ယာရှင်များမှာ တစ်ဦး လျှင် အနည်းဆုံး ကျပ်၁၀ သိန်းမှ အများဆုံးသိန်း ၂,၀၀၀ အထိ ဆုံးရှုံး သူများရှိသည်။ ရုံးတွင် ကျန်နေသော ဒါရိုက်တာဟုဆိုသူကိုထက်ဦးလွင်(ခေါ်) ရွှေမိုးစက်ပြောကြားမှုအရ အစုရှယ်ယာရှင်လုပ်ငန်းမှာပင် သိန်း ၅၀,၀၀၀ ခန့် ငွေပမာဏရှိပြီး စုစုပေါင်း Jade Jade Project အပါအဝင်ဆိုလျှင် ကျပ်သိန်းရှစ်သောင်းခန့်ရှိမည်ဖြစ်ကြောင်း ရှယ်ယာရှင်အများစုက ခန့်မှန်းသည်။


ရှယ်ယာဝင်များသည် နေ့ လယ် ၂ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ ရုံးခန်းတွင် စောင့်ဆိုင်းခဲ့ကြပြီး အချို့က ကုမ္ပဏီရုံးခန်းရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအချို့၊ အိုင်ပက်၊ ဂဏန်းပေါင်းစက်စသော ပစ္စည်းအချို့ သိမ်းယူနေသည်ကိုလည်း တွေ့ရသည်။


အဆိုပါလုပ်ငန်းကို ဒေါ် သက်သက်မြိုင်(ခ)ဂျူးဂျူးက ဦးဆောင်ခဲ့ပြီး အစုအစပ်လုပ်ငန်းလုပ်ကိုင်မည်ဆိုကာ အမြတ်ရာခိုင်နှုန်းများစွာပေး၍ ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့်ရှယ်ယာဝင်များကို ဖိတ်ခေါ်ခဲ့သည်။
ရှယ်ယာရှင်များကို အနည်း ဆုံးကျပ်ငါးသိန်းမှစ၍ ထည့်ဝင် စေပြီး ကျပ်ငါးသိန်းမှ သိန်း ၄၀ ထည့် ဝင်လျှင် အတိုးနှုန်း ၃၀ ရာခိုင် နှုန်း၊ ၄၁ သိန်းမှ သိန်း ၉၀ အထိ အတိုးနှုန်း ၂၅ ရာခိုင်နှုန်း၊ ၉၁ သိန်းနှင့် အထက်ကို ၂၀ ရာခိုင် နှုန်းပေးမည်ဟုရှယ်ယာဝင်များ ကို ဖိတ်ခေါ်ခဲ့သည်။ အတိုးကို တစ်လတစ်ကြိမ် ထုတ်ယူနိုင်ပြီး သုံးလကြာလျှင် အရင်းပါ ပြန် ထုတ်နိုင်သည်ဟုဆိုခဲ့သည်။ ထို့ အပြင် အတိုးနှုန်း ၄၀ ရာခိုင်နှုန်း ပေးမည်ဆိုသော Jude Jude Project လုပ်မည်ဆိုကာ ထိုစီမံ ကိန်းတွင် ရှယ်ယာဝင်လိုပါက မူလ ရှယ်ယာဝင်ထားသူများသာ ဝင်နိုင်သည်ဟုဆိုခဲ့သည်။


ထို့အပြင် ၎င်းတို့ကလက်လီ လက်ကားရောင်းဝယ်ရေးလုပ် ငန်း၊ ငွေကြေးလဲလှယ်ရေးလုပ် ငန်း၊ ဖက်ရှင်ဆိုင်၊ ကျောက်စိမ်း နှင့်ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်း၊ ကိတ်နှင့်ကော် ဖီဆိုင်၊ အလှပြင်ဆိုင်၊ ဓာတ်ပုံ စတူဒီယိုနှင့် မင်္ဂလာဆောင်ဝန် ဆောင်မှု၊ ကားရေဆေးဆီထိုး လုပ်ငန်းစသည်တို့ လုပ်ကိုင်မည်ဟုဆိုကာ ရှယ်ယာရှင်များကိုဖိတ် ခေါ်ခဲ့သည်။ သို့သော် လက်တွေ့တွင် မုန့်ဖုတ်လုပ်ငန်း၊ ကားရေဆေးဆီထိုးလုပ်ငန်းနှင့် အလှပြင်ဆိုင်တို့ကိုသာ လုပ်ငန်းပြနိုင်သည်ဟု ရှယ်ယာရှင်များက ပြော သည်။


အဆိုပါ လုပ်ငန်း မှနေ၍ အများပိုင်ကုမ္ပဏီပြုလုပ်မည်ဆိုကာ နိုဝင်ဘာ ၁ ရက်တွင် ဒါရိုက်တာအဖွဲ့ဝင်ခုနစ်ဦး အမည်ထည့်သွင်း၍ သင့်မြတ်အများနှင့်သက် ဆိုင်သော ကုမ္ပဏီဟု အမည် ပြောင်းလဲခဲ့ကြောင်း ရှယ်ယာရှင် များကို အသိပေးခဲ့သည်။ မူလက တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလကုန်မှစ၍ ဆီဒိုးနားဟိုတယ်တွင် အခန်းငှား ကာ ရုံးခန်းဖွင့်လှစ်ခဲ့သည်။ ဆီဒိုးနားဟိုတယ်တွင် ရုံးခန်းဖွင့်ရန်နိုဝင်ဘာ တစ်လသာ ငှားရမ်းထားခြင်းဖြစ်ကြော်း ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှယ် ယာရှင်အများစုက အများပိုင် ကုမ္ပဏီထောင်ရန် သဘောမတူ သော်လည်း ငွေပြန်မထုတ်ပေး တော့ဘဲ တိမ်းရှောင်နေခဲ့ကြောင်း ကျပ်သိန်း ၆၀ ခန့်ဆုံးရှုံးခဲ့သည့် ဒေါ်ခင်မာလာမြင့်က ပြောသည်။
လုပ်ငန်းစတင်သည့် ၂၀၁၆ မှ ယခုနှစ်စက်တင်ဘာအထိ အ တိုးနှုန်းများ ပုံမှန်ပေးခဲ့သော် လည်း အောက်တိုဘာနှင့် နိုဝင် ဘာလများတွင် အတိုးနှုန်းမပေး၊ ဆက်သွယ်၍ မရဖြစ်ခဲ့ကြောင်း ကျပ်သိန်း ၂၀၀ ခန့်ရှယ်ယာ ဝင်ထားသည့် အမျိုးသားတစ်ဦး က ပြောသည်။


ကျွန်တော်က ပိုက်ဆံမဝင် သေးလို့ Online ကဆက်သွယ် ရင် ပြန်မပြောတာမျိုး၊ ဘာမှပြန် မဆက်သွယ်တာမျိုးလုပ်လာ တယ်။ ဒါနဲ့ပဲ ဩော်သူအလုပ်များ နေတယ်ထင်တာပေါ့။ တခြား ရှယ်ယာရှင်တွေ မေးကြည့်တော့ လည်း ဒီအတိုင်းပဲ။ ဒါနဲ့ရုံးထိ လိုက်လာတာပါ” ဟု ၎င်းက ပြောသည်။


သူက အစပိုင်းအပြောကတော့ ချောနေတာပဲ။ သူ့လုပ်ငန်း တွေကို လာလေ့လာခိုင်းတယ်။ တကယ်တမ်းလုပ်ငန်းက မည် မည်ရရ ဘာမှမရှိဘူး။ ကော်ဖီ ဆိုင်တစ်ခုကလည်း တစ်နေ့တစ် သိန်းဖိုးလောက်ပဲ ရောင်းရမယ်။ ဒါပေမဲ့ အပြောကောင်းလို့ရှယ် ယာထည့်လိုက်တာ။ နောက်ပိုင်း ကျတော့ ဆက်ဆံတာရင့်သီးလာ တယ်။ ငွေထုတ်ပေးဖို့ပြောရင် တောင် ခပ်မာမာနဲ့ပြန်ပြောတာ မျိုး” ဟု ၎င်းကဆိုသည်။


နှစ်လခန့် အတိုးနှုန်းငွေများ ပြန်မပေးသောကြောင့် ရှယ်ယာ ရှင်အချို့သည်နိုင်ငံပိုင်သတင်းစာ များတွင် ကြေညာကာ ၁၀ ရက် အတွင်း ငွေများပြန်ပေးအပ်ရန် နှင့် ဥပဒေကြောင်းအရဖြေရှင်းရန် ကြေညာချက်များ ထည့်သွင်းခဲ့ သည်။ နိုဝင်ဘာ ၃၀ ရက်ထုတ် ကြေးမုံသတင်းစာမှာပင် ရှယ်ယာ ထည့်ဝင်ထားသူလေးဦးက ၎င်း တို့ ထည့်ဝင်ထားငွေစုစုပေါင်း ကျပ်သိန်း ၇၀၀ ကျော်ကို ခုနစ် ရက်မှ ၁၀ ရက်အတွင်း ပြန်လည် ပေးအပ်ရန် ကြေညာပြီး သတ် မှတ်ရက်အတွင်းဖြေရှင်းမပေးပါ က တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကိုလည်း တွေ့ရသည်။


ပြီးခဲ့သည့်နိုဝင်ဘာ ၂၈ ရက်က ဒေါ်သက်သက်မြိုင်သည် Online ပေါ်တွင် ၎င်းလွိုင်ကော် သို့ ရောက်နေကြောင်း၊ လိုင်းမမိ ကြောင်း ရှယ်ယာရှင်အချို့ထံ ဆက်သွယ်ခဲ့သေးကြောင်း ၎င်းတို့ က ပြောသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီ ၌ ကျန်ရှိခဲ့သော ဒါရိုက်တာဟု ဆိုသူတစ်ဦးကို ဗဟန်းရဲတပ်ဖွဲ့ က အကျယ်ချုပ်ထားကာ စစ်ဆေးမေးမြန်းနေသည်ဟု ရှယ် ယာရှင်တစ်ဦးက ပြောသည်။

“လောလောဆယ် ထွက်ပြေးသွား တဲ့ဒီသက်သက်မြိုင်ကို တရားစွဲ ချင်၊ ဖမ်းချင်တဲ့လူနဲ့ တရားမစွဲ ဘူးတွေ့အောင်ရှာပြီး ငွေပြန် တောင်းမယ်ဆိုတဲ့ လူနှစ်ဖွဲ့ကွဲနေ တာပေါ့။ အားလုံးကတော့ ကိုယ့် ငွေကိုယ်ပြန်ရချင်တယ်။ အမှု ဘာညာမဖြစ်ချင်ကြတော့ဘူး” ဟု ရှယ်ယာရှင် ကိုမျိုးကျော်မင်းက ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာတွင် လည်း J Coin J Card လုပ်ငန်း အမည်ဖြင့် အစုရှယ်ယာလုပ်ငန်း လုပ်ကိုင်သည့် မလေးရှားနိုင်ငံ သားလေးဦးသည် ရှယ်ယာရှင်များ ထံမှ ငွေကျပ်သန်းနှစ်ထောင်ခန့် လိမ်လည်ကာ ထွက်ပြေးသွားခဲ့ သည်။ ၎င်းတို့ကို လက်ရှိအချိန်ထိ အရေးမယူနိုင်သလို ပြည်တွင်းရှိ ကုမ္ပဏီ တာဝန်ခံများကိုလည်း တစ်စုံတစ်ရာ အရေးယူနိုင်ခြင်း မရှိပေ။

သတင်း − 7Day News Journal
 


01 Dec 2017     1,336 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS