BEC-TERO TV

မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်း ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့

01 Dec 2017     1,451 Views


မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်တစ်စင်းထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ ဂျပန်ကမ်းခြေရဲ့ ကီလိုမီတာ(၂၅၀)အကွာကိုကျရောက်ခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံအထိရောက်ရှိနိုင်တယ်လို့ထုတ်ပြောထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်အမျိုးအစားသစ်တစ်စင်းကို ဗုဒ္ဓဟူးနေ့အစောပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နျူကလီးယားနိုင်ငံ တစ်နိုင်ငံဖြစ်လာပြီလို့ နိုင်ငံပိုင်(KCNA)သတင်းဌာနက သတင်းဖော်ပြပါတယ်။
 
အခုစမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာဟွာဆောင်း(၁၅)ဒုံးကျည်ဖြစ်ပြီး စမ်းသပ်ခဲ့တဲ့ဒုံးကျည်တွေထဲမှာ အင်အားအပြင်းဆုံး ဒုံးကျည်ဖြစ်တယ်လို့ KCNA က သတင်းဖော်ပြပါတယ်။အဲဒီဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်ထဲကိုကျခဲ့ပြီး စမ်းသပ်ခဲ့ဖူးတဲ့ ဒုံးကျည်တွေထက် ပိုမြင့်တဲ့အမြင့်ကနေ ပျံသန်း ခဲ့ပါတယ်။ဒုံးကျည်ဟာ ကီလိုမီတာ(၄၄၀၀)ကျော်ပျံသန်းခဲ့ပြီး (၉၅၀)ကီလိုမီတာကို (၅၃)မိနစ်နဲ့ ရောက်အောင် ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယားဘက်ကသတင်းထုတ်ပြန်ပါတယ်။
 
အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းခြေရဲ့ကီလိုမီတာ(၂၅၀)အကွာမှာ ကျခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်ရဲ့ နျူကလီးယားဆိုင်ရာ ခြိမ်းခြောက်ပြောဆိုမှုတွေကိုကာကွယ်ဖို့ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံသား တွေရဲ့အကျိုးစီးပွားကို မထိခိုက်သရွေ့ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်သွားမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားသမ်္မတ ကင်ဂျုံအန်ကပြောတယ်ဆိုပြီး KCNAက သတင်းဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံကိုအရေးယူတဲ့အနေနဲ့ ပိတ်ဆို့မှုတွေထပ်မံပြုလုပ်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက ပြောခဲ့ပါတယ်။
 
 

01 Dec 2017     1,451 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS