BEC-TERO TV

တစ်ကိုယ်တော် ပွဲကို TV Channel ကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ့် ရဲလေး

01 Dec 2017     1,218 Views


ငါးကြိမ်မြောက် တစ်ကိုယ်ပွဲ ဖြစ်တဲ့  My World My Fans My Show ကို ဒီဇင်ဘာ ၂ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲကို Channel 9 မှာ ည၇နာရီကနေစပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့လဲသိရပါတယ် ။ “ဒီဖျော်ဖြေပြွဲုပူလုပ်ဖို့အတွက် ပြင်ဆင်နေတာ ကြာခဲ့ပါပြီ အခုမှ အကောင်အထည်ဖော်ဖြစ်တာပါ ။ အရင်က ဖျော်ဖြေပွဲတွေနဲ့ ဒီတခေါက်မတူညီတာကတော့ ကျွန်တော်ပိုပြီး ရင့်ကျက်လာတယ် တည်ငြိမ်လာတယ် အလုပ်လုပ်တာ သေသပ်လာတယ် ။ အရင်တုန်းကတော့ ကလေးသာသာ ဆိုတော့ ဟာကွက်တွေရှိတယ် ။ အခုတော့ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တတ်လာတယ်  ။

ဖျော်ဖြေပွဲကို အပိုင်းငါးပိုင်းခွဲပြီး ဖျော်ဖြေသွားမှာ ဖြစ်ပြီး တစ်ပိုင်းနှင့်တစ်ပိုင်း မတူညီတဲ့ ဖျော်ဖြေမှုတွေနဲ့ သီချင်းအပုဒ် ၃၀ ကို သုံးနာရီကျော်ကြာ ဖျော်ဖြေမှာလဲ ဖြစ်ပါတယ် ။ သူငယ်ချင်း တွေလာရောက် ဖျော်ဖြေပေးအုံးမှာလည်း ဖြစ်ပါတယ် ။ ရန်ကုန်ပွဲအောင်မြင်ရင်တော့ မန္တလေး နဲ့ အခြား မြို့တွေကိုသွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားပါတယ် ။ ဖျော်ဖြေပွဲ ပြီးရင်တော့ ၈ခွေမြောက် တစ်ကိုယ်တော် အခွေထွက်ရှိရန်အတွက်လည်း စီစဉ်သွားမှာလဲ ဖြစ်ပါတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။ 

Credit: Democracy 


01 Dec 2017     1,218 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment