BEC-TERO TV

ကျောင်းဆရာမဟန်ဆောင်ပြီး ရွှေအတုလိုက်လံပေါင်နှံသူအား ဖမ်းဆီး

01 Dec 2017     1,705 Views


နေပြည်တော် ပျဉ်းမနားမြို့တွင် ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်ဆင်ထားပြီး မိမိကိုယ်ကိုယ် ​ကျောင်းဆရာမဟု မိတ်ဆက်ကာ ဆွဲကြိုးအတုဖြင့် ရွှေဆိုင်များတွင် အကြိမ်ကြိမ် လိုက်လံအပေါင်ခံထား​နေသူအား တာဝန်သိပြည်သူများက ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။


နိုဝင်ဘာလ ၂၈ရက်နေ့တွင် လူမှုကွန်ယက်ပေါ်၌ ပျဉ်းမနားမြို့ရှိ ရွှေဆိုင်များတွင် ကန်းနားကျောင်း၊ ပညာ့ပန်းတိုင်၊ အ.ထ.က(၂) အစရှိသော ကျောင်းအမည်များ အသုံးချကာ ရွှေအတုများကို ရွှေဆိုင်များတွင် လှည့်လည် အပေါင်လိုက်ထားနေသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ လိမ်လည်ခံရဖူးသူများလည်း ရှိနေကြောင်း ဓါတ်ပုံများနဲ့ သတိပေးခဲ့သည်။


ထို့နောက် အဆိုပါ အမျိုးသမီးက ထပ်မံလိမ်လည်ခဲ့သဖြင့် တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့ ပို့ခဲ့ကြောင်းသတင်းရရှိသည်။ လက်ရှိတွင် တရားခံဘက်က လိမ်လည်ရယူခဲ့သော ငွေများအား ပြန်လည်ပေးလျော်မည်ဟု ကနဦးသတင်း ကြားသိရပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို မသိရှိရသေးကြောင်း လူမှုကွန်ယက် အသုံးပြုသူ နွယ်သာကီ မှရေးသားဖော်ပြထားသည်။
 


01 Dec 2017     1,705 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS