BEC-TERO TV

ကျပ်သိန်းတစ်သောင်းပေါက်သော ကံထူးရှင် မည်သူမှန်းမသိရှိရသေး

04 Dec 2017     1,667 Views


ဒီဇင်ဘာလ (၁)ရက်နေ့က ဖွင့်လှစ်ခဲ့သော အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းဆုကို အောင်ဆုထူးပိုင်(ကျိုးတုံ) ထီဆိုင်ခွဲမှ ဆွတ်ခူးနိုင်ခဲ့ပြီး ကံထူးရှင်ကိုမူ မသိရှိရသေးကြောင်း သိရှိရသည်။

(၉)ကြိမ်မြောက်ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းဆုကို ထီအမှတ် ဘ-၉၂၅၆၆၇  ဖြင့် အောင်ဆုထူးပိုင် (ကျိုင်းတုံ)ထီဆိုင်ခွဲမှ ဆွတ်ခူးခဲ့ပြီး ကံထူးရှင် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပဲ စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။


ယခင်အကြိမ်များက ကျပ်သိန်းတစ်သောင်းကံထူးရှင်များကို ထီဖွင့်ပြီး နေ့မကူးမီ လူမှုကွန်ယက် မီဒီယာများပေါ်မှတစ်ဆင့် ချက်ခြင်း သိရှိခဲ့ရသော်လည်း ယခုတစ်ကြိမ်ကံထူးရှင်ကိုတော့ မသိရှိရသေးပေ။

 


04 Dec 2017     1,667 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS