BEC-TERO TV

ရန်ကုန်မြို့ကန်တော်ကြီးပန်းခြံအတွင်းက ကန်ပတ်လမ်းတံတားအရှည် ပေပေါင်း (၁၁၅၀)ကို ဒီဇင်ဘာလအတွင်းမှာ ပြီးစီးအောင်ဆောင်ရွက်မည်

04 Dec 2017     1,599 Views


ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားကို သြဂုတ်လကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး ကန်ပတ်လမ်းတံတားအရှည်(၁၁၅၀)ပေကို ဒီနှစ် ဒီဇင်ဘာလ အကုန်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ သိရပါတယ်။ ကန်တော်ကြီး ပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားက (၂၄)နှစ်ရှိပြီဖြစ်ပြီး ကန်ပတ်လမ်းတံတားအရှည်က ပေပေါင်း(၆)ထောင်ကျော်အရှည်ရှိပါတယ်။လက်ရှိကန်ပတ်လမ်း တံတားဟာ သစ်သားတံတားဖြစ်ပြီး နှစ်ပေါင်းကြာမြင့်လာတဲ့အတွက် သစ်သားတိုင်တွေဟာ ဆွေးမြေ့ နေပါပြီ။
 
ကန်ပတ်လမ်းတံတားလမ်းအပေါ်မှာ မနက်အစောအားကစားလာလုပ်သူတွေနဲ့ ပန်းဖြေနားနေသူ တွေအတွက် သစ်သားတံတားဟာဆွေးမြေ့နေပြီဖြစ်တာကြောင့် တံတားကျွံကျတာတွေအပြင် အန္တာရာယ်တွေပါရှိလာနိုင်တယ်လို့ ပြောပါတယ်။အခုဆိုရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကန်တော်ကြီးပန်းခြံ အတွင်းမှာရှိတဲ့ ကန်ပတ်တံတားဟာ သစ်သားတံတားဖြစ်တဲ့အတွက် သစ်သားအစား ကွန်ကရစ်တံတား အဖြစ် ပြန်လည်အဆင့်မြှင့်တင်တာတွေလုပ်ဆောင်နေပါ။လက်ရှိမှာတော့ ကန်ပတ်လမ်းတံတား ပြင်ဆင်နေတာ (၆၅)ရာခိုင်နှုန်းအထိပြီးစီးနေပြီး ဒီနှစ်ဒီဇင်ဘာအကုန်မှာ(၁၁၅၀)ပေကို အပြီးပြင်ဆင်နိုင်မယ်လို့ ပြောပါတယ်။ 
 
အခုပြန်လည်အဆင့်မြှင့်တင်တဲ့ တံတားဟာ အောက်ခြေသစ်သားတိုင်တွေအစား ကွန်ကရစ်တိုင်တွေကို အစားထိုးအသုံးပြုသွားမှာဖြစ်ပြီး ရေပြင်ကနေ(၄)လက်မအကွာမှာရှိတယ်လို့ သိရပါတယ်။ကန်တော်ကြီး ပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားမှာ ကျန်ရှိတဲ့ တံတားအပိုင်း ကိုတော့ နောက်နှစ်ဘဏ္ဍာနှစ်ကျမှ ပြန်လည်ပြင်ဆင်မှာဖြစ်တယ်လို့သိ၇ပါတယ်။
 

04 Dec 2017     1,599 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS