BEC-TERO TV

လာလီဂါသမိုင်းတွင် အနီကတ်အများဆုံးပြသခံရသူအဖြစ် ရာမို့စ်ချိန်တင်

04 Dec 2017     1,483 Views


ရီးရဲလ်နောက်ခံလူရာမို့စ်သည် ဘီလ်ဘာအိုနှင့် ဂိုးမရှိသရေကျခဲ့သောပွဲတွင် နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံရပြီးနောက် လာလီဂါပြိုင်ပွဲတွင် အနီကတ်အများဆုံးပြခံရသောကစားသမားအဖြစ်စံချိန်တင်ခဲ့သည်။ရာမို့စ်သည် အဆိုပါပွဲတွင် ၈၆ မိနစ်၌ ပြိုင်ဘက်ကစားသမားအဒူရစ်ကို တံတောင်ဖြင့်တွက်ခဲ့ခြင်းကြောင့် ဒုတိယအကြိမ်အဝါကတ်ပြသခံရကာ နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံရခြင်းဖြစ်ပြီး ယခုနှစ်ရာသီအတွင်း ဒုတိယအကြိမ်မြောက် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

လာလီဂါသမိုင်းတစ်လျှောက် အနီကတ်အများဆုံးပြသခံခဲ့ရသည့်စံချိန်ကို ၁၉ ကြိမ်ချိုးဖျက်သွားခဲ့ခြင်းဖြစ်သည်။ရာမို့စ်သည် လွန်ခဲ့သောနှစ်ပတ်က အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီပွဲတွင် နှာခေါင်းရိုးကျိုးသည့် ဒဏ်ရာရခဲ့ပြီးနောက် ဘီလ်ဘာအိုနှင့်ပွဲတွင် မျက်နှာဖုံးအကာအကွယ်ဖြင့် ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သော်လည်း အနီကတ်ပြထုတ်ပယ်ခဲ့ရခြင်းနှင့် အဆုံးသတ်ခဲ့သလို ရီးရဲလ်အသင်းမှာလည်း ဘာစီလိုနာ သရေကျခဲ့ခြင်းကြောင့် အမှတ်ကွာဟချက်ကို လျှော့ချနိုင်မည့်အခွင့်ရေးအား လက်လွှတ်ခဲ့ရသည်။

Socure … Democracy sports


04 Dec 2017     1,483 Views




RELATED

Most Popular of Football

Most Popular of Sport