BEC-TERO TV

တောင်ကိုရီးယားနိုင်ငံက ဒုံးကျည်များ တုံ့ပြန်ပစ်လွှတ်

04 Dec 2017     1,613 Views


မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို တုံ့ပြန် တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဘက်က နိုဝင်ဘာလ(၂၉)ရက်အစောပိုင်းမှာ ပဲ့ထိန်းဒုံးကျည်(၃)စင်း ပြန်လည်ပစ်လွှတ်လိုက်ပါတယ်။မြောက်ကိုရီးယားဘက်က(၂)လအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံကတုံ့ပြန်တဲ့အနေနဲ့ ကြည်းတပ်နဲ့ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်(၃)စင်းလည်း ပစ်လွှတ်ခဲ့တာပါ။

ဒုံးကျည်(၃)စင်းစလုံးဟာ ပစ်မှတ်ကိုထိမှန်ခဲ့တယ်ဆိုပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ပစ်မှတ်က ဘယ်နေရာမှာဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့စစ်ရေးရန်စတာတွေကို တုံ့ပြန်နိုင်စွမ်းတွေ ထုတ်ဖော်ပြသခဲ့တာဖြစ်တယ်ဆိုပြီး တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာလ(၂၉)ရက်အစောပိုင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမေရိကန်နိုင်ငံထိ ရောက်ရှိနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။အဲဒီ ဒုံးကျည်ဟာ ဟွာဆောင်း(၁၅)အမျိုးအစားဖြစ်တယ်လို့လည်း KCNA က သတင်းဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုအပေါ် နိုင်ငံတကာက ၀ိုင်းဝန်းရှုတ်ချ ပြောဆိုနေကြပါတယ်။အမေရိကန်နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံနဲ့သံတမန်ရေးနဲ့ကုန်သွယ်ရေး ဆိုင်ရာဆက်ဆံမှုတွေရပ်ဆိုင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးမှာ တိုက်တွန်း ပြောဆိုထားပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2168174373208681/

 


04 Dec 2017     1,613 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS