BEC-TERO TV

ကန်တော်ကြီးအတွင်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်အမြောက်အမြား စွန့်ပစ်ထားမှုတွေ့ရှိ

04 Dec 2017     1,387 Views


ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက် ကန်တော်ကြီးဝင်းအတွင်းရှိ နဂါးကျွန်းမြက်ခင်းပေါ်တွင် အိမ်ထောင်စုစာရင်း (၂၁)စောင်နှင့် နိုင်ငံသားမှတ်ပုံတင် မူရင်းကတ်ပြား (၁၂၉)ခုတို့ကို စွန့်ပစ်ထားကြောင်း အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်လဝက ဦးစီးဌါနမှ သွားရောက်စိစစ်ခဲ့သည်။

အိမ်ထောင်စုစာရင်း (၂၁)စောင်တွင် မန္တလေးမှ ၇ စောင်နှင့် ရန်ကုန်မှ ၁၄ စောင်ဖြစ်ပြီး မှတ်ပုံတင်ကတ်ပြား ၁၂၉ ခုတွင် ၄ ခုမှာ ရေစိုပျက်ဆီးနေပြီး ကျန်မှတ်ပုံတင်များမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရခိုင်၊ ရှမ်းတို့မှ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။


အဆိုပါ အိမ်ထောင်စုစာရင်းများနဲ့ မှတ်ပုံတင်များမှာ တရားဝင်ထုတ်ပေးထာသော ကတ်များဟုတ်/မဟုတ်ကို ဆက်လက် စိစစ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌါန စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
 


04 Dec 2017     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS