ကမ္ဘာ့အကောင်းဆုံးစားသောက်ဆိုင်စာရင်းထဲ ဂျပန်နဲ့ တရုတ်တို့ ကြီးစိုးအောင်မြင်လာ
04 Dec 2017 1,406 Views

La Liste စာရင်းအရ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ ကမ္ဘာ့အကောင်းဆုံးစားသောက်ဆိုင်တွေကို ကျန်တဲ့နိုင်ငံတွေအားလုံးထက် အရေအတွက်အများဆုံးပိုင် ဆိုင်တဲ့နိုင်ငံတွေဖြစ်ကြပြီး သည်စာရင်းကို လာမယ့်အပတ်အတွင်းထုတ်ပြန်မှာဖြစ်ပါတယ်။သည်ပြင်သစ်အခြေစိုက် အဆင့်သတ်မှတ်မှုမှာ Guy Savoy ရဲ့ နာမည်ကျော်ပါရီမြစ်ကမ်းနား စားသောက်ဆိုင်ဟာ ကမ္ဘာ့အကောင်းဆုံစားသောက်ဆိုင်အဖြစ် နှစ်နှစ်ဆက် တိုက် သတ်မှတ်ဖော်ပြခံရပြီး ပြင်သစ်အစားအသောက်တွေဟာ ထိပ်တန်း ၁၀ဝ မှာ ပါဝင်ပေမဲ့ တရုတ်အစားအသောက်တွေပါဝင်မှုကလည်း တစ်ရှိန်ထိုးမြင့်တက်လာပါတယ်။

တရုတ်ကြီးထွားအောင်မြင်လာတာ သိပ်စိတ်ဝင်စားစရာပဲလို့ သည်လမ်းညွှန်စာရင်းအတွက် တာဝန်ရှိသူ ဂျော့ဇစ်ပါရစ်က ပြောပါတယ်။ သည် La Liste စားသောက်ဆိုင်လမ်းညွှန်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ဗြိတိန်အခြေစိုက် အကောင်းဆုံး စားသောက်ဆိုင် ၅၀ စာရင်းအတွက် ပိုမိုသိပ္ဗံနည်းကျပြီး စိတ်ချယုံကြည်ရတဲ့ ပြိုင်ဘက်ကောင်း တစ်ခုအဖြစ်ပေါ်ထွက်ခဲ့ပါတယ်။သည်ပြင်သစ်စာရင်းမှာ ဂျပန်ဟာထိပ်ဆုံးကဦးဆောင်နေဆဲဖြစ်ပြီး အကောင်းဆုံးစားသောက်ဆိုင် ၁၀ဝ၀ မှာဂျပန်က ၁၃၈ ဆိုင်၊ တရုတ်က ၁၂၃ ဆိုင်ပါဝင်ပါတယ်။ သည်စာရင်းမှာ လမ်းညွှန်တွေ၊ သတင်းစာတွေ၊ ဝက်ဘ်ဆိုက်တွေရဲ့ ရီဗျူးသုံးသပ်ချက်တွေကိုစုစည်းထားပါတယ်။ ပေးမှတ် ၁၀ဝမှာ ပြင်သစ်မြစ်ကမ်းနားက La Vague d’Or စားသောက်ဆိုင် နဲ့ စပိန်ရဲ့လာဆာတီကျေးရွာက Martin Berasategui စားသောက်ဆိုင်တို့ဟာ ၉၉ မှတ်စီ ပူးတွဲရရှိကြပါတယ်။

သည်စာရင်းက ကမ္ဘာ့ထိပ်တန်းစားသောက်ဆိုင် ၁၀ဝ၀ ကိုကြေညာခဲ့ပြီး ဂျပန်၊ တရုတ်၊ ပြင်သစ်နဲ့အမေရိကန်တို့က ထိပ်တန်းစားသောက်ဆိုင်စာရင်းထဲပါဝင်ခဲ့ကြပြီး လူရှစ်သန်းရှိတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ၃၈ ဆိုင်ရှိတဲ့အတွက် လူဦးရေအချိုးအရအကောင်းဆုံးစားသောက်ဆိုင်အများဆုံးတိုင်းပြည်ဖြစ်ပါတယ်။သတင်းအချက်အလက်တွေကို စားသောက်ဆိုင်အမျိုးမျိုးက စားသုံးသူ ၁၆,ဝ၀ဝ ရဲ့သုံးသပ်ချက်ကို စမတ်ဖုန်းအက်ပလီကေးရှင်းကနေတစ်ဆင့်ရရှိခဲ့တာလို့ဇစ်ပါရစ်ကဆိုပါတယ်။သည်နှစ်အကောင်းဆုံးဆုကို တနင်္လာနေ့မှာကျင်းပမယ့် ညစာစားပွဲမှာကြေညာမှာဖြစ်ပြီး ပြင်သစ်သမ္မတ အီမန်နူယယ်မက်ခရွန်ကကမ္ဘာ့အတော်ဆုံးစားဖိုမှူးအယောက် ၄၀ကို သူ့စံအိမ်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။

Credit >> kumudranews