BEC-TERO TV

ရဲတိုက်နဲ့ ရွှေထူး ကိုတွဲပြီး ရုပ်ရှင်ရိုက်ဖို့ ဆာတိုရီနဲ့ ညှိနှိုင်းနေတဲ့ Media 7

04 Dec 2017     1,251 Views


Media 7 ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးရန် ရဲတိုက်ရဲ့ မူရင်းထုတ်လုပ်ရေးတိုက်ဖြစ်တဲ့ ဆာတိုရီ နဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ် ။

“သရုပ်ဆောင်ရဲတိုက်နဲ့ ရိုက်ဖို့ အစီအစဉ်လေးတွေ ကျွန်တော်တို့ ဆွဲထားတာလေးတွေရှိတယ် ။ ကို ရဲတိုက်ကလည်း ကျွန်တော်တို့ အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တော့  ခု သူလွတ်မြောက်လာတဲ့ အချိန်မှာဇာတ်ကားတွေ ရိုက်ချင်ပါတယ် ။ သူ့ရဲ့ မူရင်း တိုက်ဖြစ်တဲ့ ဆာတိုရီထုတ်လုပ်ရေးနဲ့ လည်း ပူးပေါင်းပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ထားတာလည်း ရှိပါတယ် ။ ရဲတိုက်နဲ့ တွဲ ရိုက်မှာကတော့ ရွှေထူးပါ ။ စာချုပ်နဲ့တော့ မဟုတ်ပါဘူး အပြင်ထုတ်လုပ်ရေး အနေနဲ့ ရိုက်မှာပါ ။ ဆာတိုရီကလည်း အပြင်ထုတ်လုပ်ရေးတွေနဲ့ ရိုက်ခွင့်ပေးတယ်လို့ ကြားတယ် ။ ရိုက်ဖြစ် မရိုက်ဖြစ်ကတော့ ပြန်ညှိမှာပါ ။ ဇာတ်ကိုလည်း ညှိနှိုင်းနေတုန်းပါ”လို့  Media 7 က ပြောထားပါတယ် ။

ဆာတိုရီ ဘက်ကလည်း “ ရဲတိုက်ကို Media 7 က ကမ်းလှမ်းပြီး ရိုက်ချင်တယ်လို့ ကြားပါတယ်။ ကျွန်တော်တို့ ဆီကို လည်း ဇာတ်ညွှန်းပို့ပေးမယ်လို့ ပြောတယ် ။ အပြင်တိုက်တွေကို ရဲတိုက် ကို ရိုက်ခိုင်းတဲ့ နေရာမှာ စိစစ်ပြီးတော့ ခွင့်ပြုသွားမှာပါ ။ဇာတ်လမ်းတွေ ဇာတ်ညွှန်းတွေကို ကျွန်တော်တို့ ဖတ်မယ် ။ ဇာတ်လမ်းတွေကို ပြန်ညှိမယ် ။ စနစ်တကျနဲ့ လက်ခံ ရိုက်ကူးမှာပါ ။ ဘာ့ကြောင့်လဲဆိုတော့ ဇာတ်ကားတွေ မဖောင်းပွသွားအောင်ပါ” ဆိုပြီး ပြောထားပါတယ် ။

လက်ရှိမှာတော့ ရဲတိုက်ရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အချို့ ဆေးစစ်ချက်များ ရရှိရန်စောင့်ဆိုင်းနေတယ်လို့ သိရပါတယ် ။

 

Credit:Democracy 


04 Dec 2017     1,251 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment