ရဟန်းကျင့်ဝတ်နှင့်မညီညွတ်သော အကျင့်ပျက်ရဟန်းများကို ထိုင်းတွင်ဖမ်းဆီး
05 Dec 2017 1,732 Views

ထိုင်းနိုင်ငံတွင် ရဟန်းကျင့်ဝတ်နှင့် မညီညွတ်သော ရဟန်းအတုအယောင် (၉၅)ဦးကို ထိုင်းဗဟိုထောက်လှမ်းရေးဗျူရိုက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါရဟန်းအတုယောင်များတွင် အမျိုးသမီးများနှင့် အရှုပ်အရှင်းကိစ္စများရှိသူ(၃၅)ဦး၊ နိုင်ငံရေးကိစ္စများတွင် ပါဝင်ပက်သက်သူ (၁၁)ဦး၊ ရဟန်းကျင့်ဝတ်နှင့် မညီသော ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင် ဆေးကုသူ (၂၄)ဦးနှင့် လိင်စိတ်မမှန်သူ (၂၅)ဦး တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
ထိုင်းသံဃာ့အဖွဲ့အစည်းတွင် ကျင်ဝတ်နှင့်မညီသော ရဟန်းတု ရဟန်းယောင်များ သင်္ဃန်းအရေခြုံများစွာရှိနေပြီး ဆက်လက်ဖော်ထုတ် တရားစွဲအရေးယူသွားမည်ဟု ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သီတီရပ်(ဂျပ်)နွန်ဂါပီတက်က ဒီဇင်ဘာလ (၄)ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းတစ်ရပ်တွင် ရေးသားခဲ့သည်။






