နားမကြားကလေးတွေအတွက်အလယ်တန်းအစကတည်းက အစိုးရကျောင်း တွေကို ပြောင်းရွှေ့ပါက ပညာရေးပိုင်းမှာ ပိုအထောက်အကူပြုနိုင်
05 Dec 2017 1,666 Views

နားမကြားကလေးတွေအတွက် အလယ်တန်းအစကတည်းက အစိုးရကျောင်းတွေကို ပြောင်းရွှေ့ပါက ပညာရေးပိုင်းမှာ ပိုမိုအထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းက သိရပါတယ်။ မေရီချက်(ပ်)မ်းနားမကြားကျောင်းမှာ အတန်းပညာ(၇)တန်းအထိရှိတာကြောင့် (၇)တန်း အောင်မြင်ပြီးတဲ့ ကလေးတွေဟာ (၈)တန်းတက်ရောက်ဖို့အတွက် အစိုးရကျောင်းကို ပြောင်းရွှေ့ရတယ်လို့ သိရပါတယ်။ နားမကြားကလေးတွေဟာလက်သင်္ကေတနဲ့(၇) တန်းအထိသင်ခဲ့ရတာအပြင် နှုတ်ကြည့် ဖတ်ခြင်းကို အားနည်းနေသေးတာကြောင့် အစိုးရစစ်ဖြစ်တဲ့(၈) တန်းမှာ အခက်အခဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် နားမကြားကလေးတွေအတွက် လက်သင်္ကေတ အခြေခံနဲ့ နှုတ်ကြည့် ဖတ်ခြင်းအခြေခံရရှိပြီး အထူးကျောင်းမှာ (၄)တန်းအထိအောင်မြင်ပြီးပါက အလယ်တန်းအတွက် အစိုးရကျောင်းတွေကို ပြောင်းရွှေ့သင့်တယ်လို့ မေရီချက်(ပ်)မ်းနားမကြားသောကလေးများကျောင်းက သိရပါတယ်။နားမကြားကလေးတွေကတော့ အခု(၇)တန်းအထိ လက်သင်္ကေတနဲ့ စာသင်ကြားရတာ အဆင်ပြေမှုရှိနေပြီး နှုတ်ကြည့်ဖတ်ခြင်းမှာအားနည်းနေသေးတာကြောင့် အစိုးရကျောင်းမှာ ပြောင်းရွှေ့စာသင်ကြားဖို့အခက်ရှိတယ်လို့ပြောပါတယ်။
ပြင်ပကျောင်းမှာ စာသင်ကြားဖို့ အခက်အခဲရှိ နေပေမယ့် နားမကြားကလေးတွေက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဘွဲ့ရတဲ့အထိကြိုးစားပြီး စာသင်ကြားကြဖို့ ရည်ရွယ်ထားတယ်လို့ပြောပါတယ်။လက်ရှိ မေရီချက်(ပ်)မ်းနားမကြားသောကလေးများကျောင်းမှာ သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ကြားပေးနေတဲ့အပြင် စကားပြော၊ နှုတ်ကြည့်ဖတ်ခြင်း၊ လက်ချောင်းများ ဖြင့် စာလုံးပေါင်းခြင်း၊ လက်သင်္ကေတပြဘာသာစကားတွေအပြင် အသက်မွေးဝမ်းကျောင်းပညာတွေ ကိုလည်းသင်ကြားပေးနေတယ်လို့ သိရပါတယ်။