BEC-TERO TV

ဆံပင်ဖြူပျောက်စေမဲ့ အလွယ်ကူဆုံးနည်းလမ်း

05 Dec 2017     2,870 Views


အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ လူငယ်တော်တော်များများမှာ တွေ့လာရတယ်။ ပုံမှန်အားဖြင့် အသက်(၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့် ဒီနေ့ခေတ်မှာတော့ အသက်(၂၀)ကျော်နဲ့ ဆံပင်ဖြူလာသူတွေ တွေ့လာရပြီ။အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို premature grey hair လို့ ခေါ်ပါတယ်။ အမှန်တော့ ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ်လုပ်မှုနည်းလာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် မျိုးရိုး၊ စိတ်ဖိစီးမှု၊ အာဟာရဓာတ်ချို့တဲ့မှုတွေက ဆံပင်အရောင်ကို ဖြူလာစေတယ်။
 
 
အသက်အရွယ်အရ ဆံပင်ဖြူသူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် လူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတွေသာ ဖြစ်တယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူလာတာနဲ့ ပက်သက်ပြီး လေ့လာကြည့်တဲ့အခါ မျိုးရိုးတခုတည်းတင်မဟုတ်ဘဲ အင်တီအောက်စီးဒင့်တမျိုးဖြစ်တဲ့ catalase ဓာတ် ချို့တဲ့ခြင်းနဲ့ ဆံသားအခြေမှာ hydrogen peroxide တွေ စုပုံနေခြင်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဆိုတယ်။
 
 
ဒါဆို ဆံပင်မဖြူအောင် လုပ်လို့ရသလား။ ဟုတ်ကဲ့ ရပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းက ကြက်သွန်နီရည်ဖြစ်တယ်။ ဆံပင်နဲ့ပက်သတ်ရင် ကြက်သွန်နီအရည်က တော်တော်ကောင်းပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေတဲ့ လူငယ်တွေအတွက် သင့်တော်တယ်။ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီက ထွက်တဲ့အရည်ထဲမှာ catalase ပမာဏကို မြင့်တက်စေနိုင်လို့ပါ။ catalase ကြောင့် ဆံပင်ရဲ့ ပုံမှန်အရောင်ကို ပြန်ရစေတယ်။ အဲဒီထဲကိုမှ သံပုရာရည် တဇွန်း ထည့်ပြီး ဦးရေပြားကိုလိမ်းရင် ဆံပင် ထူထပ်စေပြီး အဆီပြန်ခြင်း၊ဗောက်ထခြင်းကိုပါ ကင်းဝေးစေသတဲ့။
 
 
ကြက်သွန်နီရည် – လက်ဖက်ရည်ဇွန်း(၃)ဇွန်း
 
သံပုရာသီးရည် – လက်ဖက်ရည်ဇွန်း(၂)ဇွန်း
 
ကြက်သွန်နီကိုကြိတ်ပြီး ထွက်လာတဲ့အရည်ကိုု လက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့် ယူပါ။ သံပုရာသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာခန့်နဲ့ ရောပါ။ အဆိုပါအရောကို ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီး မိနစ်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ခပ်ပျော့ပျော့ shampoo တမျိုးမျိုး သုံးပြီး ခေါင်းပြန်လျှော်ပါ။အဆိုပါ နည်းအတိုင်း တပတ်ကို ၅ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ဆံပင်ဖြူခြင်းကို သိသိသာသာပျောက်ကင်းစေရုံသာမက ဆံသားပါးခြင်း၊ ဆံနွယ်ကျွတ်ခြင်းကိုပါ ကာကွယ်ပေးလိမ့်မယ်။
 
 
Credit : ဒေါက်တာ အေးမင်းထူး
 

05 Dec 2017     2,870 Views




RELATED

Most Popular of Health Fix

Most Popular of Life Style