BEC-TERO TV

တရားဝင်ထုတ်ပြန်ချက်ထွက်လာပါက ရေဆိုးသန့်စင်စွန့်ပစ်စနစ် ကိုးလအတွင်း လုပ်ဆောင်ရမည်

05 Dec 2017     1,418 Views


အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ကြီးကြပ်မှုကော်မတီ ရဲ့တရားဝင် ထုတ်ပြန်ချက်ထွက်ရှိလာပါက စက်ရုံအလုပ်ရုံတွေမှာ ရေဆိုးသန့်စင်စွန့်ပစ်စနစ်ကို ကိုးလအတွင်း တပ်ဆင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ထံကသိရပါတယ်။စက်ရုံအလုပ်ရုံတွေအနေနဲ့ ရေဆိုးသန့်စင်စွန့်ထုတ်ဖို့ Waste Water Treatment Plant တွေကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံညွှန်းတွေနဲ့အညီ ကိုးလအတွင်း တည်ဆောက်ဖို့နဲ့ မလိုက်နာပါကတည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဖို့လုပ်ဆောင်နိုင် အောင်စီစဉ် နေပြီလို့ သိရပါတယ်။
 
 
အခုနှစ်အတွင်းပြုလုပ်သည့် စတုတ္ထအကြိမ်အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ကြီးကြပ်မှုကော်မတီအစည်းအဝေးအတွင်း စက်မှုမြို့ပြကော်မတီက အချိန်သတ်မှတ် ပေးခဲ့တာဖြစ်ပြီး ကော်မတီရဲ့ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် စတင်အကျုံး ၀င်တော့မှာ ဖြစ်ပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ ၁၉၉၄ခုနှစ်ကရေးဆွဲထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒကို ပြန်လည်ပြင်ဆင် ရေးဆွဲမှုဟာ အပြီး သတ်မူကြမ်း အဆင့်ပြီးစီးပြီဖြစ်ပြီး မကြာခင်မှာ အတည်ပြုနိုင် တော့မယ်လို့သိရပါတယ်။ဒါ့အပြင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ၊ စွန့်ပစ်ပစ္စည်း စွန့်ပစ်မှုဆိုင်ရာ မဟာဗျူဟာ၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးမှု ဗျူဟာများကိုလည်းရေးဆွဲထားပြီးဖြစ်ပြီး အတည်ပြု နိုင်ဖို့ လုပ် ဆောင်နေတယ် လို့သိရပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ၂၀၁၂ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။
 
 

05 Dec 2017     1,418 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS