တောင်ကိုရီယားကုန်တင်သင်္ဘောတစ်စီးနစ်မြုတ်၊ မြန်မာသင်္ဘောသားတစ်ဦးကို ကယ်တင်နိုင်ခဲ့
05 Dec 2017 1,674 Views

SHEN HAI အမည်ရှိ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးသည် ဒီဇင်ဘာ ၄ ရက်ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံအနောက်ဖက် နိုင်ငံတကာရေပိုင်နက်တွင် နစ်မြုတ်ခဲ့ရာ မြန်မာသင်္ဘောသားတစ်ဦးအပါအ၀င် ၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၃ ဦးပျောက်ဆုံးနေကြောင်းသိရသည်။သို့ရာတွင် ယင်းပျောက်ဆုံးနေသူတို့မှာ မည်သည့်နိုင်ငံသားများဖြစ်ကြကြောင်းကို မသိရသေးချေ။

တန်ချိန် ၁၃၂၁ တန်မျှရှိသော ယင်းကုန်တင်သင်္ဘောသည် တရုတ်နိုင်ငံ ဝေဟိုင်းဆိပ်ကမ်းနှင့် တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းအကြား လမ်းခုလတ်တွင် နစ်မြုတ်ခဲ့ခြင်းဖြစ်သည်။ယင်းသင်္ဘောသည် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် တိုဂို နိုင်ငံအလံကို တင်လွှင့်ထားသောသင်္ဘောဖြစ်သည်။


Credit >> မြန်မာ့သတင်းစုံ - Myanmar News