ယူကေမှာ ရောင်းအားအမြင့်ဆုံး ဗလာတီမာပူတင်ရဲ့ ၂၀၁၈ ခုနှစ်ပြက္ခဒိန်
05 Dec 2017 1,614 Views

ရုရှားသမ္မတ ဗလာတီမာပူတင်ပုံများနဲ့ ထုတ်ဝေခဲ့တဲ့ ၂၀၁၈ ခုနှစ်ပြက္ခဒိန်ဟာ ယူကေမှာ ဝယ်ယူအားပေးသူ များပြားခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် အကြီးအကျယ်ရောင်းချခဲ့ရပါတယ်။

ပြက္ခဒိန်မှာပါတဲ့ ပူတင်ရဲ့ ဓါတ်ပုံတွေဟာ ယောက်ျားဆန်ဆန် အမဲပစ်ထွက်တာတွေ၊ ဆိုင်ကယ်စီးတာတွေနဲ့ အက်ရှင်ဆန်ဆန် သက်ဝင်လှုပ်ရှားမှု ပုံတွေလည်း ပါဝင်ပါတယ်။
ရုရှားရဲ့ သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Izvestia ရဲ့ အဆိုအရ ပူတင်ရဲ့ ပုံတွေဟာ တစ်ကယ်ကို ဖက်ရှင်တစ်ခုလိုဖြစ်ခဲ့ပြီး နာရီအနည်းငယ်အတွင်မှာ ရောင်းစရာမကျန်တော့အောင်ကို ဝယ်ယူအားပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဗလာတီမာပူတင်ရဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန်ကို အင်္ဂလိပ်၊ အီတလီနဲ့ စပိန်ဘာသာတို့အပါအဝင် ဘာသာစကား(၈)မျိုးနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ် ပြက္ခဒိန်တစ်ခုကိုတော့ စတာလင်ပေါင် ၁၅.၉၉ (၃ သောင်းကျပ်နီးပါး) နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ပူတင်ရဲ့ ပြက္ခဒိန်ကို ရှုစားကြပါဦး။













