မြန်မာပလာဇာတွင် နံပါတ်တူအမျိုးစားတူယာဉ်နှစ်စီးတွေ့ရှိရာ တစ်ဦးမှာအရေးယူခံရ
06 Dec 2017 1,559 Views

ဒီဇင်ဘာလ(၄)ရက်နေ့ ညနေပိုင်းက ဗဟန်းမြို့နယ် မြန်မာပလာဇာ ကားပါကင်နေရာတွင် နံပါတ်တူ ယာဉ်အမျိုးအစားတူ ကားနှစ်စီးရောက်ရှိနေကြောင်း သတင်းရရှိခဲ့သဖြင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။
Kalugar အမျိုးအစား အဖြူရောင် ယာဉ်နှစ်စီးမှာ နံပါတ်တူနေပြီး ယာဉ်ပိုင်ရှင်နှစ်ဦးစလုံးမှာလည်း တာမွေမြို့နယ်တွင် နေထိုင်သူများဖြစ်ကြသည်။ ဗဟန်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် လိုင်စင်မဲ့ယာဉ်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဗဟန်းမြို့မရဲစခန်းတွင် သွင်းကုန်ပို့ကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။







