ဟွန်ဒူးရပ်စ်သမ္မတရွေးကောက်ပွဲ မဲများပြန်လည်ရေတွက်
06 Dec 2017 1,466 Views

ပြီးခဲ့တဲ့တစ်ပတ်က ဟွန်ဒူးရပ်စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဟွန်ဒူးရပ်စ်အစိုးရက မဲခိုးဖို့ကြိုးစားခဲ့တယ်လို့ အတိုက်အခံ ပါတီရဲ့သမ်္မတလောင်းက စွပ်စွဲပြောဆိုခဲ့တာကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံသားထောင်ချီဟာ မဲတွေကို ပြန်လည်ရေတွက်နေရပြီဖြစ် ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမဲထည့်ချိန်အတွင်း ဟွန်ဒူးရပ်စ်နိုင်ငံသား(၃)ဦးသေဆုံးခဲ့ပြီး ရာချီကတော့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အတိုက်အခံသမ္မတလောာင်း ဆယ်ဗာဒေါ နာ့စ်ရယ်လာကတော့ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ အခိုင်အမာပြောနေပါတယ်။
ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲဆိုင်ရာခုံရုံးအနေနဲ့ ဆန္ဒမဲ(၅၂၀၀)ကျော်ကို ပြန်လည် ရေတွက်ဖို့ လက်မခံခဲ့တာကို နားမလည်ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတွေဖော်ပြနေပါတယ်။ အာဏာရပါတီက မဲလိမ်နေတဲ့အတွက် အဲဒီဆန္ဒမဲတွေကို ပြန်မရေတွက်ချင်တာဖြစ်တယ်လို့ အတိုက်အခံသမ္မတလောင်းက စွပ်စွဲပြောဆိုပါတယ်။ ဟွန်ဒူးရပ်စ်သမ်္မတ ဂျူအန် အော်လန်ဒို ဟာနန်ဒက်ဇ် ကတော့ ရွေးကောက်ပွဲမှာ သူအနိုင်ရပြီး နောက်တစ်ကြိမ်အာဏာရပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာခုံရုံးက ဆန္ဒမဲတွေရဲ့(၆)ရာခိုင်နှုန်းကို ပြန်လည် ရေတွက်နေပါတယ်။ အတိုက်အခံသမ်္မတလောင်းက မဲရုံထောင်ချီက မဲတွေကို ပြန်လည်ရေတွက်စေချင်နေပေမဲ့ ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲကော်မရှင်ကတော့ မဲတွေအကုန်လုံးနီးပါးကို ပြန်ရေတွက်ဖို့ ငြင်းဆိုထားပါတယ်။ပြီးခဲ့တဲ့တစ်ပတ်က ဟွန်ဒူးရပ်စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဟွန်ဒူးရပ်စ်အစိုးရက မဲခိုးဖို့ကြိုးစားခဲ့တယ်လို့ အတိုက်အခံ ပါတီရဲ့သမ်္မတလောင်းက စွပ်စွဲပြောဆိုခဲ့တာကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံသားထောင်ချီဟာ မဲတွေကို ပြန်လည်ရေတွက်နေရပြီဖြစ် ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမဲထည့်ချိန်အတွင်း ဟွန်ဒူးရပ်စ်နိုင်ငံသား(၃)ဦးသေဆုံးခဲ့ပြီး ရာချီကတော့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အတိုက်အခံသမ္မတလောာင်း ဆယ်ဗာဒေါ နာ့စ်ရယ်လာကတော့ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ အခိုင်အမာပြောနေပါတယ်။

ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲဆိုင်ရာခုံရုံးအနေနဲ့ ဆန္ဒမဲ(၅၂၀၀)ကျော်ကို ပြန်လည် ရေတွက်ဖို့ လက်မခံခဲ့တာကို နားမလည်ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတွေဖော်ပြနေပါတယ်။ အာဏာရပါတီက မဲလိမ်နေတဲ့အတွက် အဲဒီဆန္ဒမဲတွေကို ပြန်မရေတွက်ချင်တာဖြစ်တယ်လို့ အတိုက်အခံသမ္မတလောင်းက စွပ်စွဲပြောဆိုပါတယ်။ ဟွန်ဒူးရပ်စ်သမ်္မတ ဂျူအန် အော်လန်ဒို ဟာနန်ဒက်ဇ် ကတော့ ရွေးကောက်ပွဲမှာ သူအနိုင်ရပြီး နောက်တစ်ကြိမ်အာဏာရပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာခုံရုံးက ဆန္ဒမဲတွေရဲ့(၆)ရာခိုင်နှုန်းကို ပြန်လည် ရေတွက်နေပါတယ်။ အတိုက်အခံသမ်္မတလောင်းက မဲရုံထောင်ချီက မဲတွေကို ပြန်လည်ရေတွက်စေချင်နေပေမဲ့ ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲကော်မရှင်ကတော့ မဲတွေအကုန်လုံးနီးပါးကို ပြန်ရေတွက်ဖို့ ငြင်းဆိုထားပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2174437695915682/