BEC-TERO TV

သင်္ဘောအရာရှိနှင့် တရားရေးဝန်ထမ်း ဇနီးမောင်နှံလိမ်လည်ခဲ့မှု လူမှုကွန်ယက်တွင်ပျံ့နှံ့

06 Dec 2017     1,315 Views


ရတနာဆိုင်ဖွင့်ရန် အကြောင်းပြကာ လုပ်ဖော်ကိုင်ဖက်နှင့် အိမ်နီးချင်းတို့ထံမှ ငွေကျပ်သိန်း ထောင်ချီ လိမ်လည်ကာ ရှောင်းတိမ်းသွားခဲ့သော သင်္ဘောအရာရှိနှင့် တရားရေးဝန်ထမ်း ဇနီးမောင်နှံ၏ အကြောင်းနှင့် လိမ်လည် သွားခဲ့ပုံကို အလိမ်ခံခဲ့ရသူနှစ်ဦးမှ ဒီဇင်ဘာလ(၄) ရက်နေ့တွင် လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှတစ်ဆင့် ဓါတ်ပုံအထောက်ထားများနဲ့ ရေးသားခဲ့ကြောင်း တွေ့ရှိရသည်။

ဖေ့စ်ဘွခ်အကောင့်ပိုင်ရှင် Kyaw Zay Ya ၏ အလိမ်ခံခဲ့ရမှု ရေးသားခဲ့ပုံကို မူရင်းအတိုင်းပြန်လည်ဖော်ပြပါသည်။

ကျွန်တော့်ဘဝအတွက် လက်စားချေဖို့ လူလိမ်သင်္ဘောသားလင်မယား
အကြောင်းကို ဒီနေ့ကျွန်တော်ကြေငြာလိုက်ပြီး
ယ္ခုဓါတ်ပုံပါ လင်မယားနှစ်ယောက်ကတော့ ကျော်စွာဦး ( 2nd Engineer) နဲ့သူ့မိန်မ ဖြူဖြူဝင်း (ဥပဒေအရာရှိ)တို့ဖြစ်ပါတယ်။
ကျွန်တော်(ကျော်ဇေယျ Electrical engineerCDC 48275) နဲ့ ကျော်စွာဦး 2nd Engineer CDC 53508 တို့သည် Belships Myanmar line ရှိ ULTRA DYNAMIC သင်္ဘောကို ၂၉.၁၀.၂၀၁၆ရက်
နေ့တွင်Paranagua (Brazil)အတူတူ sign on လုပ်ပြီး အလုပ်လုပ်ခဲ့ကြသည် ကျော်စွာဦးမှ သူ့အိမ်တွင်ရတနာဆိုင်ဖွင့်ရန်(ရတနာဆိုင်ပြင်ဆင်ပုံပြပြီး) ငွေသိန် ၁၀၀ ခဏချေးထားပေးပါရန်အကူညီတောင်းခံခဲ့သည်။

ထို့ကြောင့်ကျွန်တော်လဲ သူသည်ကျွန်တော့ထက်ရာထူးလဲကြီး လစာလဲများသည် သူ့မိန်းမကလည်းဥပဒေအရာရှိ လုံးဝလိမ်မည့်သူများမဟုတ်ဟုယုံကြည်မိခဲ့၍ ငွေသိန်းတရာကိုပေးခဲ့သည် ကျော်စွာဦးသည် ၆ လကြာသောအခါ သူ့အဖေကင်ဆာရောဂါနှင့်အသည်အသန်ဖြစ်နေ၍ဟုဆိုကာ သင်္ဘောမှအရေးပေါ်(Panama) တွင်ဆင်းသွားခဲ့သည်။

ကျွန်တော်ကတော့ ၁၃.၀၉.၂၀၁၇ ရက်နေ့မှ Casablanca (MOROCO) မှာ sign out လုပ်ပြီး၁၄.၀၉.၂၀၁၇ တွင်ရန်ကုန်သို့ပြန်လည်ရောက်ရှိပါတယ်။
၁၈.၀၉၂၀၁၇ တနင်္လာနေ့တွင် ကျော်စွာဦးမှ သူ့အဖေအရေးပေါ်ဖြစ်နေ၍ငွေမလောက်ပါသဖြင့် ၃၅ သိန်းကိုအမြန်လွှဲပေးပါရန် အကူအညီထပ်တောင်းပြီး နောက်သုံးရက်အကြာတွင် ယခင်ယူထားသော သိန်း ၁၀၀ နှင့် ယ္ခုယူသော ၃၅ သိန်းကိုပြန်ပေးမည်ဖြစ်ကြောင်းကတိပေး၏
နောက်ထပ်ယူသော ၃၅သိန်းကို သူ့မိန်းမAccount DAW PHYU PHYU WIN (FJB1726195255806) ထဲသို့လွှဲပေးပါရန်တောင်းဆို၏
ကျွန်တော်လဲသူ၏အဖေကျန်းမားရေးဆို၍အရေးကြီးသဖြင့် ချက်ချင်း
၃၅ သိန်းလွှဲပေးလိုက်၏ (ငွေလွှဲလက္ခံရှိပါသည်)။

ထိုနေ့မှစ၍ကျွန်တော့်အား လာရောက်တွေ့ဆုံချင်းလဲမရှိ ဖုန်းဆက်လျှင်စက်ပိတ်ထားပြီး သူ့မိန်မဖုန်းဆက်ပြီး နင်တို့မိသားစုကို ဒုက္ခပေးမယ်ဆိုမှ ၁၃ သိန်းပဲပြန်ပေးပါတယ်။
ကျွန်တော်တို့ငွေဆိုတာ ချွေးနဲ့သွေးနဲ့ရင်းပြီးရှာထားတဲ့ငွေပါ။ ဒီငွေကို သင်္ဘောသားဘဝတူချင်းလိမ်တယ်ဆိုတာ အင်မတန်မှ ကြားလို့မကောင်းတဲ့အရာပါ ကျွန်တော်ကတော့ ငွေပြန်မရမချင်း သူ့တို့တမိသားစုလုံးကို ဒုက္ခကောင်းကောင်းပေးတော့မှာပါ
ကျွန်တော့အားအဖြစ်အပျက်အားလုံးမေးလိုလျှင်လဲ ဖုန်းဖြင့်အချိန်မရွေးဆက်မေးနိုင်ပါတယ် ၀၉၇၈၇၈၉၉၉၁၁ နဲ့ ၀၉၂၅၅၇၇၅၃၀၄ကိုဆက်သွယ်နိုင်ပါတယ်။ ကျွန်တော့လိုပဲနောက်လူတွေအလိမ်မခံရအောင်ဒီpost ကိုတင်လိုက်ပါတယ် ဒီpost ကိုလဲထပ်ခါတလဲလဲတင်နေမှာပါ။ ကျော်စွာဦးသည် ရေကြောင်းသိပ္ပံ CD 25 CE23 ကျာင်းဆင်းဖြစ်ပြီး ယ္ခု chief engineer လက်မှတ်ကိုင်ထားသူဖြစ်သည် ဒီpost ကိုshare
ပေးကြပါ။

ဟု ဓါတ်ပုံများနဲ့တစ်ကွ ဖော်ပြခဲ့သည်။


နောက်ထက် အလိမ်ခံရသူတစ်ဦးမှာ ဖေ့စ်ဘွခ်အကောင့်ပိုင်ရှင် “Noung” ဖြစ်ပါတယ်။ သူမ၏ ကလည်း အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

ကျွန်​မက ​ကျော်​စွာဦးနဲ့ဖြူဖြူဝင်းတို့ရဲ့အိမ်​အ​ပေါ်ထပ်​မှာ​နေတဲ့ မခင်​​နှောင်းပါ.
ကျွန်​မထံမှ_မြန်​မာ​ငွေ သိန်း ၂၀၀၀ကျာ်​ အ​မေရိကန်​​ဒေါ်လာ ၁သိန်း၊ ရတနာပစ္စည်းတွေကို အတိုးမဲ့​ချေးငှားပြီး လိမိ​လည်​ခဲ့ပါတယ်။
ဒါ့အပြင်ကျမရဲ့ BMWကားကိုငှါးစီးပြီး တိုက်​ခဲ့ပါ​သေးတယ်​. အဲ့အတွက်​လဲပြင်​ဆင်​စရိတ်​​ဒေါ်လာ၂၈၀၀ ကုန်​ကျခဲ့ပါတယ်​...
ထိုကုန်ကျစရိတ်​​တွေ​ချေးထားတဲ့​ငွေ​တွေကို ​ငွေမရှိတဲ့ချက်​လက်​မှတ်​​တွေ​ပေးပြီးထပ်​မံလိမ်​လည်​​ကာအ​ကြွေးဆပ်​ခဲ့တဲ့ပုံစံမျိုးပြုလုပ်​ခဲ့ပါတယ်​..
ကျွန်​မကို​တော့ ၄.၄.၂၀၁၇ ရက်​​နေ့ ကျွန်​မသား​လေးအ​မေရိကားမှာ​ကျောင်းတက်​တာကို လိုက်​ပို့ရန်​​လေဆိပ်​မှာ​လေယာဉ်​​ပေါ်တက်​ခါနီး ကျမကို 199နဲ့​လေယာဉ်​​ပေါ်ကဆွဲချပြီး အင်းစိန်​​ထောင်​ပို့ခဲ့ပါတယ်​.
ကျွန်​မသား​လေးလဲ​ကျောင်းတက်​ဖို့တစ်​နှစ်​​အောက်​ခဲ့ရပါတယ်​..ကျမကို​ငွေမရှိတဲ့ချက်​လက်​မှတ်​​တွေ​ပေးပြီး သူ​ပေးပြီးပြီးဆိုပြီး​တော့အချုပ်​ထဲထည့်ခဲ့တာပါ.
ကျမကပိုက်ဆံလဲအလိမ်ခံရ လူလဲ​ထောင်ထဲအထည့်ခံခဲ့ရတဲ့အတွက် အရမ်းကိုနစ်နာခဲ့ရပါတယ်....

ကျမကိုလဲ " ကြိုက်​တဲ့​နေရာတိုင်​.တိုင်​ချင်​ရာတိုင်​ ဥပ​ဒေကငါ့​ဘောလ်​ပင်​ ငါ့လက်​ထဲမှာပဲရှိတယ်​." ဆိုပြီးခြိမ်း​ခြောက်​​ပြောဆိုကာ ဥပ​ဒေကိုစိတ်​ထင်​တိုင်းပြုလုပ်​ခဲ့ပါတယ်​... ယခု ကျမကလမ်းမ​တော်​တရားရုံးမှာ ၄၂၀/ ၄၆၈ ပုဒ်​မနဲ့ တရားလိုပြုတရားဆွဲဆိုထားပါတယ်​... သူက​တော့ရုံးချိန်းလဲလာ​ရောက်​ခြင်းမရှိဘဲ ထွက်​​ပြေး​နေပါတယ်​..
ဒါ​ကြောင့် ကျမကိုကူညီတဲ့အ​နေနဲ့ တရားခံ​ပြေးဖြူဖြူဝင်းတို့ကို ​တွေ့ရှိတဲ့သူများ119ကိုဆက်​သွယ်​​ပေး​စေလိုပါတယ်​. .
ကျမကိုလဲကိုဆက်​သွယ်​၍အချိန်​မ​ရွေး​ဆက်​သွယ်​​မေးမြန်းနိုင်​ပါတယ်​.. အထက်​ပါကိစ္စများနှင့် ပက်​သက်​၍လဲ ကျမမှာအ​ထောက်​အထား သက်​​သေခိုင်​ခိုင်​မာမာ ပြည့်ပြည့်စုံစုံရှိပါတယ်
# ကျမလို​နောက်​ထပ်​လူ​တွေမခံရ​အောင်​ထပ်​ပြီးရှင်းပြခြင်းဖြစ်​ပါတယ်​.

ဟု ဓါတ်ပုံများနဲ့တစ်ကွ ရေးသားဖော်ပြခဲ့သည်။
 


 


06 Dec 2017     1,315 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS