BEC-TERO TV

ပရိတ်သတ်က ၀လာတယ်လို့ ဝေဖန်ခံနေရတဲ့ ကောင်းပြည့်

06 Dec 2017     1,385 Views


အနုပညာလှုပ်ရှားမှုတွေ ခပ်ကျဲကျဲ လုပ်နေတဲ့ ကောင်းပြည့်ကို ပရိတ်သတ်တွေက ၀လာတယ်လို့ ဝေဖန်လာကြပါတယ် ။ ထို ဝေဖန်မှုတွေကို ကောင်းပြည့်က “အခု ပရိသတ်တွေ ကျွန်တော်ကို မြင်ကြသလိုပါပဲ ။ ကျွန်တော်ဝလာတယ် ။ Gym ဆော့တာ ၊ လေ့ကျင့်ခန်းလုပ်တာလည်း သိပ်မလုပ်ဖြစ်တော့ ခန္ဓာကိုယ်က တဖြည်းဖြည်း ၀လာတာပါ ။ အရင်ကဆို Gym ကိုလည်း ပုံမှန်ဆော့တယ် ။ ဘယ်လောက်စားစား သိပ်မ၀ဘူး ။

အခုနောက်ပိုင်း Gym မဆော့ဖြစ်တာလဲ ၂ နှစ်လောက်ဖြစ်သွားပြီ ။ အဲ့ဒါကြောင့် ၀လာတာပါ ။ ၀လာတော့ ၀ိတ်ပြန်ချဖို့လည်း တတ်နိုင်သလောက် လေ့ကျင့်ခန်းလုပ်တယ် ။Gym ကိုလည်း ပြန်ဆော့ဖို့ ဆုံးဖြတ်ထားတယ် ။ ပရိသတ်တွေ တော်တော်များများကလည်း ၀ိတ်ချဖို့ ပြောကြတယ် ။ ဒီလို ဝေဖန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်” ဆိုပြီးပြန်လည် ပြောကြား ထားပါတယ် ။

Credit:popular 


06 Dec 2017     1,385 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment