BEC-TERO TV

ဒီရက်ပိုင်း ပရိသတ်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင်တောင်းပန်ပါတယ်ဆိုတဲ့ မေပန်းချီ

06 Dec 2017     1,239 Views


သရုပ်ဆောင် အလုပ်ကော စီးပွားရေးပါ တွဲလုပ်နေတဲ့ မေပန်းချီဟာ ခုနောက်ပိုင်း ကာရိုက်တာတွေကို အရင်ထက်ပိုပြီး နည်းနည်းရွေးလာတယ် ။ ကိုယ့်အတွက် ကာရိုက်တာလည်းမရဘူး ၊ ကာရိုက်တာက ကိုယ့်အတွက် အမြဲတမ်းလုပ်နေရတဲ့ ကာရိုက်တာဆိုရင်တော့ ငြင်းဖြစ်ပါတယ် ။ စီးပွားရေး လည်း လုပ်ဖြစ်နေတယ် ။ ရန်ကုန်မှာ ဂျင်း သီးသန့်ဆိုင်လဲ မရှိတာကော လူတော်တော်များများကလည်း ဂျင်း ၀တ်ကြတယ် Rocker တွေလည်း တစ်စုအဝေးတည်း ၀ယ်လို့ရအောင် ဂျင်းဆိုင်လေး ဖွင့်ခဲ့တာပါ ။ တခြား စီးပွားရေးတော့ လုပ်ဖို့ မရှိသေးပါဘူး။

မကြာသေးခင်က သူမရဲ့ အကောင့်မှာ ခံစားချက်တွေကို ရေးတင်ခဲ့ ပါတယ် ။ ဒီ status နဲ့ ပတ်သတ်ပြီး “ အခုကတော့ အဲ့ဒိအကြောင်းနဲ့ ပတ်သတ်ပြီး ပန်းချီ မှာ ဘာခံစားချက်မှ မရှိတော့ပါဘူး ။ ပရိတ်သတ်ကိုလည်း ဒီရက်ပိုင်းနဲ့ ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ် ။ ပန်းချီ အနုပညာနဲ့ ပတ်သတ်ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။ 

Credit: popular  


06 Dec 2017     1,239 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment