ဗျူနိုအေရိစ်တွင် ဂုဏ်ပြုထားသော မက်စီ၏ပုံတူရုပ်တု ဒုတိယအကြိမ်ဖျက်စီးခံရ
06 Dec 2017 2,294 Views

အာဂျင်တီးနားနိုင်ငံ၏မြို့တော်ဗျူနိုအေရိစ်၌ ဂုဏ်ပြုထားသော အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီ၏ ပုံတူရုပ်တုမှာ ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံလိုက်ရကြောင်းသိရပါတယ်။အဆိုပါရုပ်တုကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စတင်ပြုလုပ်ကာ ဂုဏ်ပြုထားခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလအစောပိုင်းက လက်ဆော့သူများ၏ဖျက်ဆီးမှုကြောင့် ရုပ်တုမှာ တစ်ပိုင်းပြတ်ကာ ပထမအကြိမ်ပျက်ဆီးခဲ့ရသည်။

ယခုဒုတိယအကြိမ် ဖျက်ဆီးခံရမှုတွင် ပထမအကြိမ်ကထက်ပိုမိုဆိုးရွားခဲ့ပြီး အောက်ခြေ ကျင်းဝတ်နေရာကျန်ရှိခဲ့သည်။မက်ဆီသည် ဘာစီလိုနာအတွက် အောင်မြင်မှုများရယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဦးချင်းအောင်မြင်မှုများရရှိခဲ့သော်လည်း နိုင်ငံလက်ရွေးစင်အတွက် ပေးဆပ်မှုအားနည်းခြင်းနှင့် အောင်မြင်မှုများဆောင်ကျဉ်းမပေးနိုင်မှုကြောင့် အာဂျင်တီးနားပရိတ်သတ်များ၏ ဝေဖန်မှုများကို မကြာခဏရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ရုပ်တု ဒုတိယအကြိမ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ပြန်လည်ပြုပြင်သွားမယ်ဟုသိရပါတယ်။


Soure …Democracy sports








