ကျန်မာရေးမကောင်းသော အမျိုးသမီးတစ်ဦး လမ်းဘေးတွင်စွန့်ပစ်ခံရ
06 Dec 2017 1,423 Views

ဒီဇင်ဘာလ(၅)ရက်နေ့ ညအချိန်က ကျန်းမာရေးမကောင်းပဲ အောက်ပိုင်းလေဖြတ်ထားသည်ဟု ယူဆရသော အမျိုးသမီးတစ်ဦးကို လမ်းမပေါ်တွင် စွန့်ပစ်ခဲ့မှုတစ်ခု ပုသိမ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

ည ၉ နာရီ ၅၄ မိနစ်အချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်း မြို့ရှောင်လမ်း ဘောလုံးကွင်းအနီးတွင် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသော အမျိုးသမီးတစ်ဦး လမ်းဘေးတွင် စွန့်ပစ်ခံထားရကာ နေရပ်လိပ်စာ မေး၍လည်း မရသလို ခန္ဓာကိုယ်အောက်ပိုင်းမှာ တုံ့ပြန်မှုမရှိ လေဖြတ်ထားသည်ဟု ယူဆရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) မှ သတင်းရရှိသည်။


လူနာအား ဆေးရုံကြီးတွင် ဆရာကြီးများက ပြုစုကုသမှုများ ချက်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ လူနာအား မှတ်မိ သိရှိသူများရှိပါက ဖုန်းနံပါတ် ၀၉ ၂၀၃၉၁၅၂ သို့ဆက်သွယ်ကြရန် ဖော်ပြထားသည်။







