BEC-TERO TV

လမ်းမတော် (၇)လမ်း ထပ်ခိုးအတွင်း လူတစ်ဦးသေဆုံးနေ

06 Dec 2017     1,274 Views


ဒီဇင်ဘာလ ၆ ရက်နေ့တွင် လမ်းမတော်မြို့နယ် အမှတ်(၃) ရပ်ကွက် (၇)လမ်းရှိ အိမ်အမှတ် (၆၂) မြေညီထပ်၏ ထပ်ခိုးတွင် လူတစ်ဦးသေဆုံးနေတာကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အဆိုပါတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ အသက် (၃၂ နှစ်)အရွယ် ကိုရဲဝင်းသူ(ခ)ရဲလေး ဖြစ်ကြောင်း သိရှိရပြီး လွန်ခဲ့သော နှစ်ရက်ခန့်ထဲက သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဦးလေးဖြစ်သူကပြောကြားခဲ့သည်။

တစ်တိုက်ထဲ(အထပ်မတူ)တွင် နေထိုင်သော ဦးလေးဖြစ်သူ ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က တူဖြစ်သူနေထိုင်ရာ မြေညီထပ်သို့ သွားရောက်စဉ် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - Thein Zaw
 


06 Dec 2017     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS