BEC-TERO TV

အိန္ဒိယနိုင်ငံသား ဂူးဂဲလ်ရဲ့ စီအီးအို ဆန်ဒါပီချိုင်းက ဝက်ဘ်ဆိုက်ရှာဖွေရေးအင်ဂျင်စက်ကြီးကို တရုတ်နိုင်ငံဆီ တကျော့ပြန် ရောက်ရှိလာဖို့

06 Dec 2017     1,236 Views


အိန္ဒိယနိုင်ငံသား ဂူးဂဲလ်ရဲ့ စီအီးအို ဆန်ဒါပီချိုင်းက ဝက်ဘ်ဆိုက်ရှာဖွေရေးအင်ဂျင်စက်ကြီးကို တရုတ်နိုင်ငံဆီ တကျော့ပြန် ရောက်ရှိလာဖို့ အပြင်းအထန်ကြိုးစားနေပြီး ဂူးဂဲလ်ဟာ တရုတ်ကုမ္ပဏီတွေကိုလည်း ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရဖို့ ကူညီပေးနေပြီလို့ ပြောကြားခဲ့ပါတယ်။ အစိုးရရဲ့ ဆင်ဆာမူဝါဒကြောင့် ၂၀၁၀ မှာ တရုတ်နိုင်ငံရဲ့ ဂူးဂဲလ်အသုံးပြုမှုကို ပိတ်သိမ်းခဲ့ပါတယ်။ ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးရှိတဲ့သည်နိုင်ငံမှာ ဂူးဂဲလ်၊ ဂျီမေး၊ ယူကျူနဲ့ အခြားထုတ်ကုန်တွေကို တားမြစ်ထားပါတယ်။ “ဂူးဂဲလ်က ပြုလုပ်ပေးတဲ့အလုပ်ပေါင်းများစွာက တရုတ်ကုမ္ပဏီတွေကို ကူညီပေးဖို့ဖြစ်တယ်” လို့ IIT Kharagpur ကနေ နည်းပညာဒီဂရီရရှိထားတဲ့ ၄၅ နှစ်အရွယ် ဂူးဂဲလ် စီအီးအိုက တရုတ်ရဲ့ ဝူဇန်မြို့မှာ တရုတ်အစိုးရကကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာအင်တာနက်ညီလာခံတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
 
 
သည်ညီလာခံမှာ အက်ပဲစီအီးအို တင်ကွတ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “တရုတ်နိုင်ငံရဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတော်တော်များများဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို တရုတ်နိုင်ငံရဲ့အပြင်ဘက် အခြားနိုင်ငံတွေကို ရောက်ရှိအောင် ဂူးဂဲလ်ရဲ့အကျိုးပြုမှုတွေကိုသုံးနိုင်တယ်” လို့ ပီချိုင်က အစည်းအဝေးမှာပြောခဲ့တယ်လို့ ဟောင်ကောင်အခြေစိုက် ဆောက်ချိုင်းနားမောနင်းပို့စ်မှာ ဖော်ပြထားပါတယ်။ သည်တားမြစ်မှုနောက်မှာ ဂူးဂဲလ်က သူရဲ့လည်ပတ်မှုတွေကို ဟောင်ကောင်ကို နောက်ဆက်တွဲအနေနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူ မရှိတော့တာကြောင့် တရုတ်ရဲ့လုပ်ငန်းတွေဖြစ်တဲ့ တန်းဆန့်၊ အလီဘာဘာ၊ ဘိုင်ဒူ၊ JD.com တွေက တရုတ်နဲ့ နိုင်ငံရပ်ခြားအတွက် စွမ်းအားအကြီးဆုံးပါဝင်သူတွေအနေနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။
 
 
ဂူးဂဲလ်နဲ့ သူ့ရဲ့ထုတ်ကုန်တွေကို တရုတ်နိုင်ငံမှာ အမည်မဖော်ပြတဲ့ပုဂ္ဂလိကကွန်ယက် (VPN) ကတစ်ဆင့် အသုံးပြုနိုင်ပြီး သည်အရာကို ဘေဂျင်းက မကြာသေးမီက အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ သည်နှစ်မှာ အက်ပဲက တရုတ်အစိုးရရဲ့တောင်းဆိုမှုဖြစ်တဲ့ (VPN) အက်ပ်ဝန်ဆောင်မှု ဆယ်ဂဏန်းလောက်ကို ဖယ်ရှားပေးပြီး တရုတ်အသုံးပြုသူတွေက ပြည်တွင်းအက်ပ်စတိုးက တစ်ဆင့် ပိတ်ထားတဲ့ဝက်ဘ်ဆိုက်တွေကို အသုံးပြုနိုင်ဖို့ သဘောတူခဲ့ပါတယ်။ ဖုန်းခေါ်ဆိုတဲ့ အက်ပ်တစ်ခုဖြစ်တဲ့ Skype ကို သူ့ရဲ့ပင်မ အက်ပ်စတိုး ကနေ သည်နှစ်ဆောင်းဦးမှာ ဖယ်ရှားပေခဲ့ပြီြး ဖစ်ပါတယ်။ ဂူးဂဲလ်ရဲ့ သာသာပြန်ပေးတဲ့ ဝန်ဆောင်မှုကို တရုတ်က တားမြစ်ထားခြင်းကို မကြာသေးမီက ဖယ်ရှားပေးပြီး တဲ့နောက် နိုင်ငံတော်အထောက်အပံ့နဲ့ပြုလုပ်တဲ့ အင်တာနက်အစည်းအဝေးကို ပီချိုင်းက တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့တွေရဲ့တည်ရှိမှုဟာ တရုတ်လူမှုမီဒီယာအသုံးပြုသူသန်းပေါင်းများစွာကို လမ်းဖွင့်ပေးပြီး တရားဝင်မီဒီယာကို အရေးမပါတော့ဘူးလို့ သဘောထားမှာကို စိုးရိမ်မှုကြောင့် ဂူးဂဲလ်အပြင် ကမ္ဘာ့လူမှုမီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်နဲ့ တွစ်တာကိုလည်း တရုတ်မှာ ပိတ်သိမ်းထားဆဲဖြစ်ပါတယ်။
 
 
သူ့ရဲ့မိန့်ခွန်းမှာ ကွတ်က “ဒစ်ဂျစ်တယ်စီးပွားရေးကို ဖွင့်ပေးပြီး အကျိုးအမြတ်တွေကို မျှဝေကြဖို့ ဖွံ့ဖြိုးအောင် လုပ်တာဟာ သည်ညီလာခံမှာ ကျွန်တော်တို့ အက်ပဲရဲ့ ရေရှည်အမြင်ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပြီး “တရုတ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဘက်များစွာနဲ့ အလုပ်တွဲလုပ်ပြီး ဆိုက်ဘာလောကထဲမှာဘုံအနာဂတ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရမှာကို ဂုဏ်ယူပါတယ်” လို့ အက်ပဲကိုယ်စား ထပ်ပြောခဲ့ပါတယ်။ ရှန်ဟိုင်းမြို့အနီး ဝူဇန်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာအင်တာနက်ညီလာခံက အဓိကအားဖြင့် တရုတ်အင်တာနက် တာဝန်ခံတွေ၊ အင်တာနက်ကုမ္ပဏီအရာရှိတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရဌာနအရာရှိတွေရဲ့ နှစ်စဉ်တွေ့ဆုံပွဲတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်က ညီလာခံသုံးခုမှာ ထိပ်တန်းအမေရိကန်နည်းပညာအရာရှိတွေဖြစ်တဲ့ ကွတ်နဲ့ ပီချိုင်းတို့ မတက်ရောက်ခဲ့ပဘူးလို့ ဆောက်ချိုင်းနားမောနင်းပို့စ်က ဖော်ပြထားပါတယ်။
 
Credit .... kumudranews

06 Dec 2017     1,236 Views




RELATED

Most Popular of Special or Others

Most Popular of NEWS