ခမ်းနားလှပတဲ့ ကမ္ဘာ့အကြီးဆုံး စတားဘတ်ခ်ကော်ဖီဆိုင် ရှန်ဟိုင်းတွင်ဖွင့်လှစ်
06 Dec 2017 1,743 Views

ကမ္ဘာပေါ်တွင် အကြီးဆုံး စတားဘတ်ခ်(Starbucks)ကော်ဖီဆိုင်ကြီးကို တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ နန်ဂျင်းလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။


စတုရန်းပေ ၃၀,၀၀၀ ကျယ်ဝန်တဲ့ ကော်ဖီဆိုင်ကြီးဟာ ပုံမှန်စတားဘတ်ခ်ကော်ဖီဆိုင်တွေထက် ၁၅ ဆခန့် ကျယ်ဝန်းပါတယ်။ ၂၀၁၄ ခုနှစ်က စီရဲတယ်လ်မှာ ဖွင့်လှစ်ခဲ့တဲ့ အကြီးစားကော်ဖီဆိုင်ထက်လည်း နှစ်ဆပိုကြီးမားပါတယ်။



ဆိုင်ရဲ့အတွင်းထဲမှာတော့ တရုပ်ရိုးရာပုံစံတွေနဲ့ သားသားနားနား ပြင်ဆင်ထားပါတယ်။ အလီဘာဘာရဲ့ တောင်ဘောင် ဖုန်းအပလီကေးရှင်း အသုံးပြုပြီး ဆိုင်ထဲက ကော်ဖီထုတ်လုပ်မှုတွေကို ကင်မရာနဲ့ချိန်ပြီး ဓါတ်ပုံရိုက်လိုက်တာနဲ့ စက်တွေရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဗီဒီယိုမှာ ကြည့်ရှုပါဦး။







