GPS တပ်ဆင်ထားသော လင်းယုန်ငှက်ကြီးတစ်ကောင်းဖမ်းမိ
07 Dec 2017 1,727 Views

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသတွင် GPS စနစ်တပ်ဆင်ထားသော အမဲလိုက်လင်ယုန်ငှက်ကြီးတစ်ကောင်းအား ဒီဇင်ဘာလ (၅)ရက်နေ့တွင် ရွာသားများက ဖမ်းဆီးရမိခဲ့သည်။

တောင်တွင်ချောင် (၃၆)ရွာ အတွင်းမှ တစ်ရွာဖြစ်သော သာစည်ရွာရှိ ကောက်ရိုးပုံပေါ်တွင် နားနေစဉ် ရွာသားတစ်ဦးက လေးခွနဲ့ပစ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ လင်းယုန်ငှက်၏ ကျောဘက်တွင် စက်တစ်ခုတပ်ဆင်ထားပြီး (၂၇၂) စာတန်းပါ သံခြေကွင်းတစ်ခုကိုလည်း ခြေထောက်တွင် စွပ်ထားကြောင်း တွေ့ရှိရသည်။


အဆိုပါလင်းယုန်ငှက်ကြီးကို ကြာပင်ရွာရဲစခန်းမှ ယူဆေယင်သွားခဲ့ပြီး ငှက်၏ကျောက်ဘက်တွင် တပ်ဆင်ထားသော ပစ္စည်းမှာ စက်မဟုတ်ပဲ ဆိုလာနဲ့ GPS စနစ်တပ်ဆင်ထားသော အမဲလိုက်ငှက်ဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံဟု စာတန်းပါကြောင်းရဲအုပ်လှိုင်ဝင်းဟန်က ဒီဇင်ဘာလ(၆)ရက်နေ့က ပြောကြားခဲ့သည်။








