BEC-TERO TV

မြွေဟောက်တို့ရဲ့ဘုရင် မြွေဟောက်ကို လက်စားချေပြီးသေဆုံး

07 Dec 2017     1,870 Views


အဆိပ်အပြင်းဆုံးသတ္တဝါဖြစ်သည့် မြွေဟောက်တို့ကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပြီး မြွေဟောက်တို့ရဲ့ဘုရင်ဟု တင်စားထားသည့် ဖီလစ်ပိုင်အမျိုးသားတစ်ဦး မြွေဟောက်ကိုက်ကာ သေဆုံးခဲ့သည်။

Elies Lentorio သည် ဖီလစ်ပိုင်နိုင်ငံ Sorsogon ပြည်နယ်က ဖြစ်ပြီး မြွေဟောက်ကျွမ်းကျင်သူအဖြစ် သူ့အသက် ၁၅ နှစလခန့်ထဲက ပြည်နယ်တစ်ဝိုက်ကျော်ကြားခဲ့ပြီး မြွေဟောက်ဘုရင်အဖြစ် အသိမှတ်ပြုခဲ့ကြသည်။


သူ၏ဆိုင်ကယ်ဖထိုင်ခုံအောက်တွင် ဘ်ာသွားသွားထည့်ယူသွားလေ့ရှိသော မြွေဟောက်ကိုက်ခံရပြီး ရုတ်တရက်သေဆုံးခဲ့ရသည်။ သူ့ရဲ့ မြွေဟောက်ကို ဆိုင်ကယ်ဖင်ခိုင်ခုံအောက်ထဲထည့်ပြီး အဖုံးပိတ်စဉ် မြွေ၏အမြီးမှာ ညပ်နေခဲ့သဖြင့် မြွေကဒေါသဖြစ်နေချိန်၊ ဒါကိုသူက မသိပဲ အိမ်ရောက်သည့်အခါ ဆိုင်ကယ်ရပ်ပြီးနောက် မြွေကိုယူရန် အဖုံးဖွင့်စဉ် အကိုက်ခံခဲ့ရခြင်းဖြစ်သည်။


မြွေကိုက်ခံရသည့်အတွက် ဒေါသဖြစ်ကာ လက်တုံ့ပြန်သည့်အနေနှင့် မြွေခေါင်းကို ဖြတ်ကာ သွေးကို အစိမ်းလိုက်မော့သောက်ခဲ့သည်။ ထို့နောက် မည်သူ့ကိုမျှ အကူညီမတောင်းပဲ အိပ်ခန်းထဲသွားကာ လဲလျောင်းနေခဲ့သည်။
မကြာမီပင်မြွေဆိပ်ကြောင့် ပါးစပ်က အမြုတ်များထွက်လာတာကို သူ၏သားသမီးများက တွေ့ခဲ့ရပြီး ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် အချိန်နောက်ကျသောကြောင့် သေဆုံးသွားခဲ့သည်။


ငယ်စဉ်ကထဲက မြွေများကို မကြောက်မရွံကိုင်တွယ်ဖမ်းဆီးခဲ့သဖြင့် အိမ်နီးချင်းများက အိမ်ထဲမြွေဝင်သည့်အခါတိုင်း အကူညီတောင်းခဲ့ရသူဖြစ်သည်။ နောက်ဆုံးတွင် မြွေဆရာ မြွေကိုက်သေဆုံးခဲ့ရသည်။
 


07 Dec 2017     1,870 Views




RELATED

Most Popular of Special or Others

Most Popular of NEWS