BEC-TERO TV

လှိုင်သာယာတွင် အသက်(၈၉)နှစ်အဖွားအိုအား အဓ္ဓမပြုကျင့်မှုဖြစ်ပွား

08 Dec 2017     1,280 Views


ဒီဇင်ဘာလ(၆) ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်လာသော အသက်(၈၉)နှစ်အရွယ် အဖွားအိုတစ်ဦးအား ရင်းနှီးပြီးသား လူငယ်တစ်ဦးက အဓ္ဓမပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ်နေ ဒေါ်__________ (၈၉)နှစ် လမ်းလျှောက်ထွက်လာစဉ် အမှတ်(၆)ရပ်ကွက် ဦးပုညလမ်းအရောက်တွင် နေအိမ်သို့ မကြာခဏ ဝင်ထွက်သွားလာနေသူ ရဲနိုင် (၂၆)နှစ်၊ လှိုင်သာယာမြို့နယ် အေးမြသာယာလမ်း (၁၄)ရပ်ကွက်ရှိ နှင်းဆီခိုင်အဆောင်တွင် နေထိုင်သူ ရောက်ရှိလာပြီး ဆိုက်က္ကားဖြင့်တင်ခေါ်ကာ အမှတ်(၆)ရပ်ကွက် ဖွံ့ဖြိုးအောင်အိမ်ရာဝင်းအတွင်းရှိ
ကိုင်းတောထဲ၌ အဓ္ဓမသားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသည်။


ကျူးလွန်သူ ရဲနိုင် (၂၆)နှစ်အား ဖမ်းဆီးကာ ပ/၄၆၅၀/၁၇ ပုဒ်မ/၃၇၆ ဖြင့် လှိုင်သာယာမြို့မ ရဲစခန်း၌ အမှုဖွင့်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းဓါတ်ပုံ Tin Naing Tun ထံမှ သိရှိဖော်ပြပါသည်။



 


08 Dec 2017     1,280 Views




RELATED

Most Popular of Special or Others

Most Popular of NEWS