BEC-TERO TV

ခရီးသည်အတွက် အစားအသောက်များကို နှိုက်မြည်းသည့်လေယာဉ်မယ် အလုပ်ရပ်နားခံရ

08 Dec 2017     1,506 Views


တရုပ်နိုင်ငံ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် “Urumqi” လေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးကို ခရီးသည်များအတွက် ပြင်ဆင်ထားသော မစားအသောက်များကို နှိုက်မြည်းစားခဲ့သည့်အတွက် လေကြောင်းလိုင်းမှ အလုပ်ယာယီရပ်နားထားခံရသည်။

လေယာဉ်ပေါ်တွင် ပြင်ဆင်ထားသော အစားအသောက်များကို ဇွန်းဖြင့် တစ်ပန်းကန်ခြင်းစီနှိုက်ကာ စားသောက်နေသည့် ဗီဒီယိုအွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝိုင်းဝန်းဝေဖန်မှုများ ပြင်းထန်ခဲ့သည်။


အဆိုပါဗီဒီယိုပါ ဖြစ်စဉ်နဲ့ ပက်သက်၍ လေကြောင်းလိုင်းက ကြေညာချက်တစ်ခုကို ကြာဿပတေးနေ့ (ဒီဇင်ဘာ ၇ ရက်) က ထုတ်ပြန်ခဲ့ပြီး လေယာဉ်မယ်စားသောက်ခဲ့သည့် အစားအသောက်များမှာ ခရီးသည်များ၏ စာကြွင်းစားကျန်များသာဖြစ်ပြီး ယင်းကဲ့သို့ မဖွယ်မရာ ပြုမူခဲ့သည့် လေယာဉ်မယ်ကို အလုပ်မှ ခတ္တရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်ဝေဖန်သူများကြာတွင်တော့ ခရီးသည်များ၏ စာကြွင်းစားကျန်များ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြသလို အဆိုပါဗီဒီယိုကို ရိုက်ကူးပြီး အွန်လိုင်းပေါ်တင်ခဲ့သူကိုလည်း ပြင်ထန်စွာ ပြစ်တင်ရှုံ့ချခဲ့ကြသည်။
 


08 Dec 2017     1,506 Views




RELATED

Most Popular of Special or Others

Most Popular of NEWS