BEC-TERO TV

ကိုရီးယား မင်းသားနဲ့တူတယ်လို့ ပရိသတ်တွေက ပြောကြပေမယ့် ကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ချင်တယ်ဆိုတဲ့ ငြိမ်းသော်

08 Dec 2017     1,407 Views


ည ဇာတ်ကားကနေ နာမည် ရလာတဲ့ သရုပ်ဆောင် ငြိမ်းသော်ဟာ ညဇာတ်ကားပြီးထဲက ဇာတ်ကားတွေ မရိုက်ဖြစ်သေးပဲ  ကြော်ငြာတွေ ၊ မဂ္ဂဇင်းတွေ ၊ MTV တွေပဲ ရိုက်ဖြစ်နေပါတယ် ။ နောက်ထပ်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်မှုတွေ လိုအပ်နေသေးလို့ မရိုက်သေးတာပါ ။ ည ကားမှာ ပရိသတ်တွေ တုံ့ပြန်မှုကောင်းတွေ ရခဲ့လို့ အရမ်းပျော်ရတယ် ။ ဒီလောက်ထိ အားပေးကြတဲ့ အတွက် အချည်းနှီးမဖြစ်စေရပါဘူး ။ဒီထက် အများကြီး ကြိုးစားသွားမှာပါ ။လောလောဆယ် အိုက်တင်ပိုင်း အားနည်းသေးတယ် ထင်လို့ ကြော်ငြာဘက်ကိုပဲ အဓိကသွားဖြစ်နေတာပါ။ မဂ္ဂဇင်းတွေ ရိုက်တယ် ရှိုးပွဲတွေတော့လျှောက်ဖြစ်နေပါတယ် ။

ပရိသတ်တွေက သူတို့ ကြိုက်တဲ့မင်းသားကို ကိုယ်ရီးယားမင်းသားနဲ့တူတယ်လို့ ပြောကြတာကို စိတ်ထဲ ဘယ်လို မှ မရှိပါဘူး ။ ကိုယ့်ကို ကိုယ်တောင်တူတယ်လို့တောင် မစဉ်းစားမိဘူး ။ ကျွန်တော် ကတော့ ကျွန်တော်ပဲ ဖြစ်ချင်တယ် ။ ရှေ့ဆက်ပြီး အားပေးကြပါအုံးပဲ ပြောချင်ပါတယ် ဆိုပြီး ပြောသွားခဲ့ပါတယ် ။

Credit:oasis 


08 Dec 2017     1,407 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment