တိုက်ခေါင်းမိုးများပေါ်တွင် သက်စွန့်စံဖျားဗီဒီယိုများ ရိုက်ကူးသူ လူငယ်သေဆုံး(ရုပ်သံ)
11 Dec 2017 1,815 Views

ကြည့်ရှုသူများ လက်ဖျားခြေဖျားအေးရလောက်အောင် ကြောက်စရာကောင်းသည့် ဆယ်လ်ဖီဗီဒီယိုများကို တိုက်ခေါင်မိုး အစွန်အဖျားများပေါ်တွင် ရိုက်ကူးပြီး အွန်လိုင်းပေါ်မှာ နာမည်ရလာသည့် လူစွန့်စား တရုပ်လူငယ်တစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း သူ၏ရည်းစားက လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုပ်လူမှုကွန်ယက် ဝီဘိုတွင် “Yong Ning” အမည်ဖြင့် အကောင့်ဖွင့်ကာ စွန့်စွန်းစားစား ဗီဒီယိုဓါတ်ပုံများ တင်လေ့ရှိသူ အသက် ၂၆ နှစ်အရွယ်လူငယ်တစ်ဦးက အဆိုပါအကောင့်ပေါ်တွင် ဓါတ်ပုံဗီဒီယိုများ ပြီးခဲ့တဲ့လထဲက ထပ်မံတင်ခြင်းမရှိတော့ပဲ ငြိမ်သက်သွားခဲ့သည်။

ဒီဇင်ဘာလ (၈)ရက်နေ့က သူ၏ရည်းစားဖြစ်သူက ဝီဘိုပေါ်တွင် “ဒီနေ့က နိုဝင်ဘာလ ၈ လို့ပဲ ထင်နေတုန်းပဲ၊ နင်ငါတို့အားလုံးကို ထားသွားခဲ့တဲ့နေ့လေ” ဟု ဝမ်းနည်းစွာ တင်ထားခဲ့သည်။ Yong Naing မည်သို့မည်ပုံသေဆုံးရသည်ကို အတိအကျမသိသော်လည်း သာမန်သေဆုံးခြင်း မဟုတ်တာတော့ သေချာသလောက်ရှိသည်။

အွန်လိုင်းတွင် အတည်မပြုနိုင်သော သတင်းအရ နေမကောင်းတဲ့ မိခင်အတွက် ဆေးကုသစရိတ်ရအောင် အလွန်အန္တရာယ်များတဲ့ အစွန်အဖျားကနေ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။ Yong Naing သည် ဖော်လိုဝါ ၂၃၅,၀၀၀ ရှိသော လူစွန့်စားတစ်ဦးဖြစ်ပြီး သူ့ရဲ့ စွန့်စွန့်စားစား ဗီဒီယိုက သင့်ကို အသက်ရှုရပ်သွားစေနိုင်ပါသည်။








