BEC-TERO TV

ထောင်ထဲမှာ ရည်းစားရလာတယ်ဆိုတဲ့ ရဲတိုက်

11 Dec 2017     1,268 Views


အပြစ်ခံယူပြီးထောင်ကနေ ပြန်ရောက်လာပြီဖြစ်တဲ့ သရုပ်ဆောင်ရဲတိုက်ဟာ မကြာခင်မှာ အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာလည်း ဖြစ်ပါတယ် ။ အရင်လို ညို့အားပြင်းတဲ့ မျက်လုံး ပြန်ရအောင် ကြိုးစားနေပါတယ် အဲ့ဒိမျက်လုံးပြန်ရမှ ရိုက်ကူးရေးတွေ ပြန်လုပ်မယ်လို့လဲ ပြောထားပါတယ်။ ပထမဆုံး ရိုက်မယ့် ကြော်ငြာကတော့ ခင်ဝင့်ဝါနဲ့  Trend ကြော်ငြာ ဖြစ်မယ်လို့လဲပြောထားပါတယ် ။  စာချုပ်တွေနဲ့ ရိုက်ဖို့တော့ အချုပ်အနှောင်တွေကို မကြိုက်ပါဘူးလို့ ပြောထားပါတယ် ။

ထောင်ထဲမှာ ချစ်သူရလာတယ် ဆိုတဲ့ စကားအပေါ်  ပရိသတ်တွေ အထူးစိတ်ဝင်စားနေကြပါတယ် ။ “အဲ့ဒါကတော့ ထောင်ထဲမှာ ချစ်သူရတယ်ဆိုတာ အမျိုးသားချစ်သူ ရတယ်လို့ မထင်စေချင်ဘူး ။ အမျိုးသမီးချစ်သူပါပဲ .အခုတော့ ပြတ်သွားပါပြီ ။” ဆိုပြီးပြောထားပါတယ် ။

အမှောင်ထဲမှာ ၄ နှစ်လောက်နေခဲ့၇တော့ စိတ်မထိခိုက်ရဆုံးမချိန်တွေလည်းရှိခဲ့ ပါတယ်။ အဲ့ဒိ အကြောင်းအရာတွေကို တစ်စုံတစ်ဦးကို ပြောပြရင်ဖွင့်မှာပါ အိမ်ထောင်ကျတဲ့ အခါပေါ့ ပရိသတ်သိရင် စိတ်ညစ်ရမှာဆိုးလို့ မပြောပြချင်ဘူး ရင်ဖွင့်စရာလူပေါ်ပြီဆိုမှ ရင်ဖွင့်မှာပေါ့ ။

ပရိသတ်ကို အရမ်းချစ်ပြီး နောက်ဆက်တွဲ အနေနဲ့ ချစ်လို့ဖြစ်လာတဲ့ စေတနာကြောင့် ကျွန်တော်ကြိုးစားအားထုတ်မှုကိုလည်း ပရိသတ်မြင်ရမှာပါ ။

Credit:oasis


11 Dec 2017     1,268 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment