BEC-TERO TV

အိန္ဒိယယာဉ်မောင်းတစ်ဦးဟာ ပြီးခဲ့တဲ့ ၁၈ နှစ်လုံးလုံး ဟွန်းတစ်ခါမှ မတီးခဲ့တဲ့အတွက် မူနက်ရှ်ဆန်မန်ဆုကို ရရှိခဲ့ပါ

11 Dec 2017     1,244 Views


အိန္ဒိယယာဉ်မောင်းတစ်ဦးဟာ ပြီးခဲ့တဲ့ ၁၈ နှစ်လုံးလုံး ဟွန်းတစ်ခါမှ မတီးခဲ့တဲ့အတွက် မူနက်ရှ်ဆန်မန်ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ ထူးဆန်းဟန်ပေါက်နေပေမယ့် အိန္ဒိယလမ်းမတွေဟာ ဆူညံကြောင်း ထင်ရှားပြီး သာမာန်ယာဉ်မောင်းတစ်ယောက်ဟာ ကားဟွန်းကို ဆက်တိုက်နီးပါး အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ကာလကတ္တား အခြေစိုက် ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဒီပက်ဒက်စ်ကတော့ အိန္ဒိယဟာ ဒါကိုပြောင်းလဲနိုင်ပြီး တဖြည်းဖြည်းနဲ့ ငြိမ်းချမ်း တိတ်ဆိတ်တဲ့လမ်းမတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
 
ဟွန်းတီးတာဟာ အိန္ဒိယမှာ ယာဉ်မောင်းတဲ့အခါ ရှောင်လွှဲလို့မရတဲ့ အစိတ်အပိုင်းဖြစ်နေပြီး လူတွေက ဘေးမှန်အစား ဟွန်းကို ပိုမိုအသုံးပြုနေကြပါတယ်။ တချို့ကားတွေမှာ ဘေးမှန်မပါ၊ တချို့ကားတွေမှာ မှန်ခေါက်ထားပြီး မှန်ကိုဖွင့်လိုက်တာနဲ့ တခြားယာဉ်နဲ့ ငြိနိုင်လို့ဖြစ်ပါတယ်။ အဲဒါကြောင့် အိန္ဒိယယာဉ်မောင်းတွေဟာ ယာဉ်မတိုက်မိစေဖို့ ဟွန်းကို အမြဲသုံးကြပါတယ်။ ဟွန်းတီးလိုက်ရင် သူတို့ဖြတ်တော့မယ်ဆိုတဲ့အဓိပ္ပါယ် ဖြစ်သလို တခြားယာဉ်မောင်းက သိပ်ကပ်နေပြီဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
 
 
ဒါကြောင့် လမ်းပေါ်မှာ နားမခံသာအောင် အသံညစ်ညမ်းမှုဖြစ်နေပါတယ်။ “လူတွေကို ဒီအသံညစ်ညမ်းမှု ဘယ်လောက်ဆိုးမှန်း အသိပညာပေးဖို့လိုတယ်” လို့ ယာဉ်မောင်း ဗီဂျေးအဂါဝယ်က ဖော့ဘ်စ်သတင်းဌာနကို ပြောပါတယ်။ “ယာဉ်မောင်းအားလုံးက စိတ်မရှည်ကြလို့ ဖြစ်ရတာပါ” ဒါပေမယ့် ဒီပက်ဒက်စ်က ဒီလိုယာဉ်မောင်းမျိုး မဟုတ်ပါဘူး။ သူဟာ အိန္ဒိယနာမည်ကျော်ပုဂ္ဂိုလ်အများအပြားအတွက် ယာဉ်မောင်းအဖြစ် အမှုထမ်းပါတယ်။ မူနက်ရှ်မီလာ (လူသားချင်းစာနာမှုအဖွဲ့) က သူ့ရဲ့ယာဉ်မောင်းကျင့်ဝတ်ကို ထောက်ခံချက်ပေးပြီး မူနက်ရှ်ဆန်မန်ဆု ချီးမြှင့်ခဲ့ပါတယ်။
 
ဒက်စ်ဟာ ဟွန်းမတီးရမူဝါဒကို အထူးယုံကြည်ပြီး သူ့အပြုအမူ ကြောင့် တခြားယာဉ်မောင်းတွေ ဟွန်းလျှော့တီးဖို့ စိတ်အားထက်သန်လာမယ်လို့ မျှော်လင့်ပါတယ်။ “ယာဉ်မောင်းတစ်ယောက်က အဲဒီ ဟွန်းမတီးရမူဝါဒကို လိုက်နာရင် ကားမောင်းချိန်မှာ သူပိုပြီး နိုးနိုးကြားကြားရှိမယ်။ တကယ်လို့ ယာဉ်မောင်းဟာ အကျယ်အ၀န်း၊ အရှိန်နဲ့ ချိန်သားကိုက်မှုကို သင့်တော်စွာ သိရှိနေရင် သူ ဟွန်းတီးဖို့မလိုပါဘူး” လို့ သူက ပြောခဲ့ပါတယ်။
 
 
Credit >>> kumudranews

11 Dec 2017     1,244 Views




RELATED

Most Popular of Special or Others

Most Popular of NEWS