BEC-TERO TV

သေကံမရောက်ခဲ့တဲ့ စင်ကာပူက မြန်မာမိန်းကလေး (ရုပ်သံ)

11 Dec 2017     1,267 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မြန်မာမိန်းကလေးတစ်ဦး ၅ လွှာအမြင့်တိုက်ခန်းပေါ်မှ ပြုတ်ကျခါနီးအချိန်တွင် အိမ်နီးချင်းတစ်ဦး၏ ကယ်ဆယ်မှုကြောင့် သေကံမရောက်ပဲ အသက်ချမ်းသာရာရခဲ့သည်။

ဒီဇင်ဘာလ(၆)ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စင်ကာပူနိုင်ငံ ဘူကစ်ပန်ဂျန်းရပ်ကွက် ဘလောက်(၂၄၁) ၅ လွှာတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်အကူမိန်းကလေး အိမ်ခန်းအတွင်း ပိတ်မိနေစဉ် အပြင်ထွက်လိုသဖြင့် တိုက်ခန်း ပြတင်းပေါက်မှ ကျော်ထွက်ကာ အိမ်အပြင်ဖက်ရှိ ကပန်းသေးသေးလေးပေါ်သို့ ခြေချပြီး အိမ်ရှေ့ဝရန်တာသို့ လျှောက်လာခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးကို မျက်နှာချင်းဆိုင်တိုက်မှ အသက် (၅၀)နှစ် အမျိုးသမီးကြီး အနီတာဆဟာရီဆိုသူက သူမ၏ မီဖိုအတွင်းချက်ပြုတ်နေစဉ် မြင်ခဲ့သဖြင့် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။
အိမ်နီးချင်းများက ရဲကို အကြောင်းကြားခဲ့သလို ဝိုင်းဝန်းအော်ပြောခဲ့မှုကြောင့် တစ်အိမ်ထဲတွင် အခန်းငှားနေသော Jane ဟူသည့် အမျိုးသမီးက ထွက်လာပြီး အပေါ်သို့ ပြန်လည် ဆွဲတင်စဉ် မနိုင်မနင်းဖြစ်ကာ အိမ်အကူမြန်မာမိန်းကလေး ခြေလွတ်လက်လွတ်ဖြင့် ပြုတ်ကျတော့မည့် ဘေးတွေ့ခဲ့သည်။ မကြာမီကယ်ဆယ်ရေးအဖွဲ့များ ဝိုင်းဝန်းဆွဲတင်ခဲ့သဖြင့် သေဘေးမှ လွတ်မြောက်ခဲ့သည်။

ရုံးတစ်ရုံးတွင် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ကိုင်သူ Jane က “ပုံမှန်ဆိုရင် ကျွန်မက ၈ နာရီမထိုးခင်ထဲက ရုံးသွားပြီ၊ ဒီနေ့မှ ဖြစ်ချင်တော့ အိပ်ယာထနောက်ကျတာနဲ့ တိုက်ဆိုင်သွားတာ” “သူက အင်္ဂလိပ်လိုမတတ်ဘူး၊ ကျွန်မက မလှုပ်နဲ့ ငြိမ်ငြိမ်နေလို့ ပြောပေမယ့် သူက နားမလည်ပဲ လျှောက်လာတယ်” ဟု ပြောကြားခဲ့သည်။

အိမ်ရှင်ဖြစ်သူမှာ အသက် (၅၄)နှစ်အရွယ် Mr Raj ဆိုသူဖြစ်ပြီး သူအလုပ်သွားချိန်မှာ ယခုလို ဖြစ်ပျက်ကြောင်း ဖုန်းလက်ခံရရှခဲ့တာလို့ဆိုပါတယ်။ အိမ်အကူမိန်းကလေးမှာ သူ့အိမ်တွင် အလုပ်ဝင်တာ တစ်လခန့်သာ ရှိပြီဆိုသော်လည်း ယခင်အိမ်ရှင်တစ်ဦးစီမှာ ခုနှစ်လခန့် အလုပ်လုပ်ကိုင်ဖူးကြောင်း သိရှိရသည်။
ထိုနေ့က သူမ၏အခန်းတံခါး အမှတ်မထက် သော့ပိတ်မိနေခဲ့တာကို ယခုလို အသက်အန္တရာယ်ရှိတဲ့အလုပ်ကို လုပ်ခဲ့တာ သူ့အလွန်အံ့သြကြောင်း Mr Raj က ပြောဆိုခဲ့သည်။
အိမ်အကူမိန်းကလေးကို ကြာဿပတေးနေ့က အလုပ်အေဂျင်စီသို့ ပြန်ပို့ခဲ့ပြီး ထိုနေ့မှာပင် အေဂျင်စီက မြန်မာပြည်သို့ ပြန်ပို့ခဲ့ကြောင်း သိရှိရသည်။
 


11 Dec 2017     1,267 Views




RELATED

Most Popular of Special or Others

Most Popular of NEWS