BEC-TERO TV

3Girls ကာရိုက်တာကအပင်ပန်းဆုံးနဲ့ အဲ့ဒိလိုပုံစံဖြစ်ရမှာဘ၀မှာအကြောက်ဆုံးပါ ဆိုတဲ့ဖွေး

11 Dec 2017     1,270 Views


မကြာခင် ရုံတင်ပြသတော့မယ့် 3Girls ရုပ်ရှင်ကားကြီးမှာ ဗီလိန်နေရာကနေ ပါဝင်ထားတဲ့ ဖွေးဖွေးဟာ “ဒီကားဟာဖွေးအတွက် ပထမဆုံး ဗီလိန်ဇာတ်ကား ပါ ။ အကြောက်ဆုံးနဲ့ အပင်ပန်းဆုံး ဘ၀မှာ အဲ့ဒိလိုပုံစံဖြစ်ရမှာအကြောက်ဆုံး ကာရိုက်တာပါ . အကြောက်ရဆုံးကာရိုက်တာ ပုံစံတွေအားလုံးကို ထည့်ပြီးတော့ သရုပ်ဆောင်ထားပါတယ် ။

ရာခိုင်နှုန်းတ၀က်လောက်ကဖွေးရဲ့ ဆရာဖြစ်နေတဲ့ အတွက် ဒီကာရိုက်တာကို ရိုက်ကူးတာပါ ။ နဂိုကတည်းက ဗီလိန်ကာရိုက်တာတွေမှာ ကိုဝိုင်းရဲ့ သရုပ်ဆောင်မှုတွေဆိုရင် သရုပ်ဆောင်တာ အရမ်းပီပြင်လွန်းလို့ အရမ်းကြောက်ခဲ့ ရတာပါ ။ ဒီဇာတ်ကားထဲမှာ ဖွေးသရုပ်ဆောင်တာတွေက ကိုဝိုင်းကို တော့ မမှီဘူးပေါ့နော် ။ ဆရာဖြစ်နေလို့လည်းပါတယ် ။ ဖွေးလွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကတည်းက စိန်ခေါ်မှုပါတဲ့ ကာရိုက်တာတွေကိုပဲ ဖွေး ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တယ် ။  အရင် ကာရိုက်တာတွေလည်း ကြောက်ခဲ့တယ် ။ ဒီဇာတ်ကားမှာလဲ ခေါင်ပွင့်ကာရိုက်တာကို ကြောက်တယ် ။ အပြင်မှာလည်း အဲ့ဒီလို မိန်းမမျိုးတွေကို ဖွေးကြောက်တယ် ။ ဒါပေမယ့် လုပ်မယ်ဆိုပြီး လုပ်ဖြစ်တာပါ ။

ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်မှာ ခေါင်ပွင့် လိုပဲ နေတယ် ။ ဖွေးဖွေး အနေနဲ့သာ ခေါင်ပွင့် ကာရိုက်တာကို မကြိုက်တာ ။ ခေါင်ပွင့် အဖြစ် သရုပ်ဆောင်နေတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်ချစ်လိုက်တယ် ။ ငါကမှန်တယ်။ ငယ်ငယ်လေးတည်းက ငါလိုချင်တာ ရခဲ့တယ် ။အခုလည်း ငါရအောင်လုပ်မယ် ။ ဒါက ငါ့ရဲ့ အမှန်တရား ။ ခေါင်ပွင့်မှာလည်း သူ့အမှတ်တရားနဲ့ သူရှိတယ်။  ခေါင်ပွင့် ကာရိုက်တာက တချိန်လုံး စိတ်ပုတ်နေတာလေ ။ ရှုတင်မှာဆိုလည်း စိတ်ပုတ်တဲ့ စိတ်ပဲမွေးထားတယ် ။ဇာတ်ကား ရိုက်ကူးမှု အားလုံးလဲ ပြီးရော ဖွေးငိုချလိုက်တယ် ။ အရမ်း ပင်ပန်းလွန်းလို့

ဖွေးကြိုက်တာကတော့ အကုန်လုံးကို ကြိုက်တယ် ။ အကြိုက်ဆုံးကတော့ အိချောပို မျကှ်လုံးကြီးကို ဖြူဖြူကြီး လုပ်ထားတာကြိုက်တယ် ။ ကိုယ့်ဘာသာတောင် လန့်လန့်သွားတယ် ။

ပရိသတ် အားပေးမှု ဘယ်လို ဖြစ်မယ်ဆိုတာတော့ မတွေးထားဘူး ။ရုံတင်ပြသတော့မှပဲ ပရိသတ်အသံကိုနားထောင်တော့မယ် ။ ကိုယ့်ဘာသာတော့ ဘယ်လိုဖြစ်ရမယ် ။ဘယ်လို ဖြစ်စေချင်တယ် ဆိုတာမျိုး မတွေးထားဘူး ။ ဖွေးဘက်ကတော့ ဖွေးတာဝန်ယူခဲ့တဲ့ အနုပညာတာဝန်ကို ကျေပွန်အောင် အပြည့်ထမ်းခဲ့တာပဲ ရှိပါတယ် ။” ဆိုပြီး 3Girls နဲ့ ပတ်သတ်ပြီး ပြောထားပါတယ် ။ 

Credit:democracy 


11 Dec 2017     1,270 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment