BEC-TERO TV

မိန်းကလေးချင်း ချစ်တာကို Supporting လုပ်ပေးခဲ့တဲ့ အဆိုတော် Sophia

11 Dec 2017     1,492 Views


မိန်းကလေး နှစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာအကြောင်းကို ပုံဖော်ထားတဲ့ IDFC သီချင်း ကို စန္ဒီမြင့်လွင်နဲ့ အတူတူ သီဆိုထားပါတယ် ။ “အဓိက ကတော့ မိန်းမချင်းကြိုက်တဲ့ ပုံစံပေါ့ ။LGBD ရဲ့ အဓိပ္ပာယ်  Lesbian , Gay , Bisexual ,Transgender ပေါ့ ။ သဘာဝမဟုတ်ပဲနဲ့ ဖြစ်ပျက်နေတဲ့ အရာတစ်ခုကို မြန်မာနိုင်ငံမှာ လက်မခံကြသေးဘူး ။ တခြား နိုင်ငံတွေမှာတော့ လက်ခံနေကြပါပြီ ။ ဒါပေမယ့် ဆိုဖီ တို့ ဘက်ကနေပြီးတော့ အဲ့ဒိ သဘာဝလွန်ဆန်တဲ့ အရာတစ်ခုကို လက်ခံဖို့အတွက် ဒါတွေကလည်း ကိုယ်တွေ သဘာဝ ဖြစ်နေတာနဲ့ အတူတူပါပဲ . ချစ်တာက ချစ်တာပဲနော် ။ မိန်းမချင်း ချစ်တာကို supporting လုပ်တဲ့ ပုံစံမျိုးပေါ့ ။

အမှန်တိုင်းပြောရရင်  Cover Photo အနေနဲ့ ရိုက်တော့ ၀ိုင်းပြောခံရမှာ ကြောက်တယ် ။ ဒီထက်တောင်မှ ထိထိရောက်ရောက်ကြမ်းချင်သေးတာ ။ မြန်မာနိုင်ငံရဲ့ အနေအထားကို လည်းကြည့်ရတယ် ။ ဒီ Lesbian သီချင်းက ပထမဦးဆုံး သီချင်းလည်း ဖြစ်တယ် ။ နောက်တစ်ခုက ဆိုဖီ နဲ့ ဒီဒီ နဲ့က မိန်းကလေးချင်း ချစ်ခြင်းမေတ္တာပေါ်မှာ ဆိုမယ့်ဟာကို cover ရိုက်မှာ မို့လို့ ဆိုဖီ တို့ ဒီလိုမျိုးရိုက်မှရမယ် ။  မိန်းကလေး ၊ ယောက်င်္ကျားလေး ကိုယ်တွေ့ခဲ့တာများပြီ ။ မိန်းကလေး ချင်းကြ လူတိုင်းလက်မခံကြဘူး ။ အဲ့ဒါ ကိုလက်ခံဖို့ အရင်ဆုံး ဓာတ်ပုံအနေနဲ့  ပရိတ်သတ်ကိုချပြလိုက်တယ် ။ ပြီးတော့မှ သီချင်းနဲ့ လာမယ်ပေါ့” ဆိုပြီး ပြောပြခဲ့ပါတယ် ။ 

Credit: popular 


11 Dec 2017     1,492 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment