BEC-TERO TV

တက္ကစီမောင်းသူထံမှ ခရီးသည်အမျိုးသမီး လိမ်လည်ပြီးဖုန်းခိုးယူ

12 Dec 2017     1,272 Views


အ​ရှေ့မြင်းပြိုင်ကွင်းလမ်း Sky Star Hotel ရှေ့မှ အမျိုးသမီးတစ်ဦး တက္ကစီလက်တားခဲ့ပြီး တာမွေဈေးတွင် လူဝင်ခေါ်ကာ ပုစွန်တောင်ရေကျော်သို့ ငှားခဲ့သဖြင့် တက္ကစီမောင်းသူက တာမွေဈေးအရောက်တွင် လူဝ၍်ခေါ်ရန် ခေတ္တရပ်ပေးခဲ့သည်။

အမျိုးသမီးက သူမဖုန်းကိုထုတ်ဆက်ပြီးနောက် ဘတ်ထရီအားကုန်သွားသဖြင့် တက္ကစီယာဉ်မောင်းအား ဖုန်းခေတ္တပေးဆက်ရန် အကူညီတောင်းသဖြင့် သူ၏ iPhone 7 ကို ပေးဆက်ခဲ့သည်။
အမျိုးသမီးက ဖုန်းယူဆက်ရင်း ကားပေါ်ကဆင်းကာ ဆိုင်ထဲမှာ ဝင်ခေါ်ဦးမည်ဟု ပြောပြောဆိုဆို တာမွေဈေးရှိ ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားခဲ့သည်။

အတောကြာသည်ထိ ပြန်ထွက်မလာသည့်အခါ တက္ကစီသမားက ဆိုင်ထဲလိုက်ဝင်သွားခဲ့သည်။ အဆိုပါ ရွှေကံ့ကော်ဆိုင်တွင် အနောက်ပေါက် ရှိနေပြီး အမျိုးသမီးကို ရှာမတွေ့တော့သဖြင့် CCTV မှတ်တမ်းဖြင့် ပြန်ရှာသော်လည်း မသဲမကွဲဖြစ်နေသဖြင့် နောက်ဆုံး တက္ကစီခလဲ မရသည့်အပြင် iPhone 7 တစ်လုံးပါ ဆုံးခဲ့ရသည်။

အဆိုပါအဖြစ်ပျက်ကို အခြားသူများ သတိပြုမိစေရန် လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှထားသော လတ်တလော သတင်းတစ်ပုဒ်ဖြစ်သည်။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
 


12 Dec 2017     1,272 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS