BEC-TERO TV

ကိုယ်ဝန်ဖျက်ချသည့်ဝန်ဆောင်မှု ကြောငြာများနေရာအနှံ့တွေ့နေရသည့် တရုပ်ပြည်

12 Dec 2017     1,433 Views


တရုပ်နိုင်ငံ ဘေဂျင်းမြို့ရဲ့ လူစည်ကားရာနေရာများမှာ လက်ကမ်းကြော်ငြာလေးတွေ လိုက်ဝေနေတဲ့ လူတွေကို ဟိုနေရာဒီနေရာ အနှံ့မှာ တွေ့နိုင်ပါတယ်။ များသောအားဖြင့် သူတို့ဝေတဲ့ ကြောငြာတွေက စားသောက်ဆိုင်၊ အိမ်ခြံမြေနဲ့ အလှပြင်ခန်းမ ကြော်ငြာလေးတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မကြာခဏဆိုသလို သူတို့ရဲ့ လက်ထဲမှာ စွဲမက်စရာအမျိုးသမီးပုံလေးတွေပါတဲ့ လက်ကမ်းကြော်ငြာပန်းရောင်လေးတွေကို တွေ့လာရပါတယ်။ အဲဒါတွေကတော့ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဝန်ဆောင်မှု ကြောငြာစာရွက်တွေပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချမှုကို ဒီမိုကရေစီပြည့်ဝပါတယ်ဆိုတဲ့ အမေရိကန်လိုနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဥပဒေအရ၊ လူကျင့်ဝတ်များအရ ဟန့်တားထားပေမယ့် တရုပ်ပြည်မှာတော့ သက်ရောက်မှု အလွန်အားနည်းနေပါတယ်။ တရုပ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက်ချမှုအများဆုံး နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးနဲ့ မိသားစုအစီစဉ်ကော်မရှင်ရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ တနှစ်လျှင် ကိုယ်ဝန်ဖျက်ချမှုပေါင်း ၁၃ သန်းနီးပါးရှိပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကဆေးခန်းတွေမှာ ကိုယ်ဝန်ဖျက်ချမှုစာရင်းအတိအကျ မရရှိနိုင်တဲ့အတွက် ဒီအရေအတွက်ထက်ပိုမယ်လို့ ခန့်မှန်းထားပါတယ်။

တရုပ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းမြင့်လာရတဲ့ အကြောင်းရင်းတွေကတော့ မျိုးစုံရှိနေပါတယ်။ စာရေးဆရာ နာအိုမီဘိုချာတ် ရေးသားတဲ့ “အထင်းသာမြင်လာရတဲ့ ကိုယ်ဝန်ဖျက်ချခြင်း ယဉ်ကျေးမှု” စာအုပ်ထဲမှာ ပါရှိတဲ့အတိုင်း တရုပ်နိုင်ငံရဲ့ ၁၉၇၉ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ မိသားစုစီမံကိန်းမှာ တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးနှုန်းရဲ့ အကျိုးဆက်တွေက ယဉ်ကျေးမှုတစ်ခုလို သက်ရောက်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် အမျိုးသမီးငယ်တွေကြားမှာ စီစဉ်ထားခြင်းမရှိပဲကိုယ်ဝန်ဆောင်မှုက အထင်အရှားဖြစ်ပါတယ်။ တရားဝင်စာရင်းဇယားအရ ၄% သော လက်မထပ်ရသေးတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေဟာ မမျှော်လင့်ပဲကိုယ်ဝန်ရခဲ့ပြီး သူတို့ထဲက ၉၀% ဟာ နောက်ဆုံးမှာ ကလေးဖျက်ချခဲ့တယ်လို့ ဆိုပါတယ်။
ဆရာဝန်များရဲ့ အဆိုအရ အခုလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းနှစ်ချက်က လိင်ပိုင်းဆိုင်ရာ အသိပညာနည်းပါးမှုရယ် အကာကွယ်ပစ္စည်း(ကွန်ဒုံး) ဝယ်ယူရတာကို ရှက်စရာအဖြစ် မြင်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုပတ်ဝန်းကျင်ကိစ္စတွေအပြင် ပိုပြီးအရေးကြီးတာက သူများနိုင်ငံတွေနဲ့မတူပဲ တရုပ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုက တရားဝင်ဖြစ်နေပြီး ဘယ်လိုအကြောင်းမျိုးနဲ့မဆို ကိုယ်ဝန်ဖျက်ချခွင့်ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တရုပ်မီဒီယာတွေက ကိုယ်ဝန်ဖျက်ချတဲ့ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် အာရုံစိုက်လာပြီး အန္တရာယ်ကင်းရှင်းရေနဲ့ ပက်သက်ပြီး ဝေဖန်ပြောဆိုရေးသားတာတွေရှိခဲ့ပါတယ်။

ယခုဆိုရင် အဆိုပါ ကိုယ်ဝန်ဖျက်ချတဲ့ ကြော်ငြာတွေမှာ “နာကျင်မှုတွေအားလုံးကို ချန်ခဲ့ပြီး ပျော်ရွှင်မှုကို နှုတ်ဆက်လိုက်ပါ” “မမျှော်လင့်ထားတဲ့ ကိုယ်ဝန်အတွက် သောကရောက်မနေပါနဲ့” “နာကျင်မှုဆိုတာ အိမ်မက်လိုပါပဲ” “သုံးမိနစ်လောက် အပမ်းဖြေပါ” အစရှိသဖြင့် ကိုယ်ဝန်ဖျက်ချမှုဟာ ထမင်းစားရေသောက်သဖွယ် မနာမကျင်ရပဲ သုံးမိနစ်လောက်နဲ့ ကိစ္စပြီးသွားမယ်လို့ ကြော်ငြာလာကြပါတယ်။
 


အခြားအုပ်စုတစ်ခုရဲ့ အမြင်ကလည်း ဒီကြော်ငြာတွေဟာ လူငယ်တွေကို အတွေးမှား လမ်းမှာတွေဆီ ဦးဆောင်နေတယ်လို့ ဝေဖန်လျှက်ရှိပါတယ်။ ဒီကြော်ငြာတွေက မိန်းကလေးငယ်တွေကို မြှောက်ပင့်ပေးသလို ဖြစ်နေတယ်လို့ ဟီဘီအကယ်ဒမစ်ဆေးရုံက ဆရာဝန်ကြီးတစ်ဦးက ပြောဆိုခဲ့ပါတယ်။

လူမှုကွန်ယက် ဝီဘိုသုံးစွဲသူတစ်ဦးက ဓါတ်လှေကားထဲမှာ ကပ်ထားတဲ့ ကြော်ငြာပိုစတာအစုံတွေကြားထဲမှာ ကိုယ်ဝန်ဖျက်ချတဲ့ ကြော်ငြာတွေက ထင်ထင်ပေါ်ပေါ်ကြီးလိုဖြစ်နေပြီး ကသိကအောက်ဖြစ်စေတယ်လို့ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ အငြင်းပွားစရာရှိနေတဲ့ ကိုယ်ဝန်ဖျက်ချခြင်းပေါ် အမြင်အမျိုးမျိုးကြားမှာ စက္ကူသားကောင်းကောင်း အရောင်တောက်တောက် လှလှပပကောင်မလေးပုံတွေပါတဲ့ ကိုယ်ဝန်ဖျက်ချဝန်ဆောင်မှု ကြော်ငြာတွေကတော့ ယနေ့ခေတ်တရုပ်နိုင်ငံရဲ့ နေရာအနှံ့မှာ နေရာယူနေပြီဖြစ်ပါတယ်။
 


12 Dec 2017     1,433 Views




RELATED

Most Popular of Special or Others

Most Popular of NEWS