BEC-TERO TV

ထိုင်းရွေးကောက်ပွဲကျင်းပမည့်နေ့ နောက်ဆုတ်ဖွယ်မရှိဟု ထိုင်းဝန်ကြီးချုပ်ပြော

12 Dec 2017     1,496 Views


ထိုင်းဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာက လာမယ့်နှစ်မှာကျင်းပမယ်လို့ ပြောထားတဲ့ ထိုင်းရွေးကောက်ပွဲကို ရက်ရွေ့သွားမှာမဟုတ်သလို ကတိပေးထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။လာမယ့်(၂၀၁၈)နိုဝင်ဘာလမှာကျင်းပမယ်လို့ ထိုင်းအစိုးရက ပြောထားတဲ့ ထိုင်းအထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက အတည်ပြုလိုက်ပါတယ်။ ပရာရွတ်က ထိုင်းနိုင်ငံတောင်ပိုင်း ထရန် ခရိုင်က ကန်တန်မြို့မှာ ရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေသွားရောက်ပေးခဲ့စဉ်မှာ ပြောခဲ့တာပါ။
 
 
ပြည်သူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မယ့် ရွေးကောက်ခံအစိုးရသစ်တစ်ရပ် ပေါ်ပေါက် လာရေးဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ သူကပြောပါတယ်။ ထိုင်းအစိုးရအဖွဲ့ဟာ ထိုင်းနိုင်ငံကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အာဏာလွှဲပြောင်းယူခဲ့ တာဖြစ်ပြီး ထိုင်းနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေသေးတယ်လို့ ပရာရွတ်က ထပ်မံအတည်ပြုခဲ့ပါတယ်။
 
 
ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံသားတွေရဲ့ အခက်အခဲကို နားထောင်တဲ့အတွက် ဥပဒေစိုးမိုးရေးအတွက် အတင်းအကျပ်လုပ်ဆောင်တာမျိုးမရှိဘူးလို့ လဲ့ပြောခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ် ပရာရွတ်ဟာ ထိုင်းအထွေထွေ ရွေးကောက်ပွဲကျင်းပမယ်လို့ (၃)ကြိမ်တိုင်တိုင် ကြေညာခဲ့ဖူးပြီး ကြေညာခဲ့တဲ့ရက်တွေကိုရက်ရွှေ့ခဲ့ပါတယ်။ ထိုင်းတရားရုံးချုပ်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(၂)ဦးရွေးချယ်ခဲ့တုန်းက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ထိုင်းလွှတ်တော်ဥက္ကဌကပြောခဲ့ပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်မယ့်အဖွဲ့ဝင် (၇)ဦးရွေးချယ်ရာမှာ (၂)ဦးရွေးချယ်ပြီးပြီဖြစ်ပြီး နောက်ထပ်(၅)ဦးကိုတော့ လာမယ့်အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ထိုင်းတရာရုံးချုပ်က ပြောပါတယ်။
 
 

12 Dec 2017     1,496 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS