BEC-TERO TV

အလုပ်ကိစ္စကလွဲပြီး စကားမပြောပေမယ့်သားသားကတော့ အဖေ နဲ့ အမေ ကို စကားပြောစေချင်တယ်

12 Dec 2017     1,278 Views


ရုံတင်ပြသနေတဲ့ ထာဝရ အမေ ရုပ်ရှင်ဇာတ်ကား ရိုက်ရင်း သားဖြစ်သူ ရဲ့ အကြံဥာဏ်တွေ အများကြီး ရခဲ့ တယ်လို့ အကယ်ဒမီ မေသန်းနု က ပြောထားပါတယ်။

“မဆင့် သရုပ်ဆော်တာကို သူကဘေးကနေကြည့်တယ် ။ဇာတ်ညွှန်းကိုလည်း သူက ဖတ်နေတာ ။ ဇာတ်ညွှန်းဖတ်နေရင်း အမေ ဒီနေရာ သရုပ်ဆောင်တာ နည်းနည်းလိုသေးတယ် ဒီနေရာလေး မျက်ရည် နည်းနည်းလျှော့လိုက် ဒီနေရာလေး နည်းနည်းထည့်လိုက်ဆိုပြီးဘေးကနေတောက်လျှောက်ကို အကြံပေးနေတာ ။

ရိုက်ကူးရေးလုပ်နေတဲ့ အချိန် မင်းသန့်က ကျောင်းပိတ်လို့ ခဏပြန်လာတဲ့ အချိန်ကြူံတော့ ရိုက်ကွင်းက အတွေ့အကြုံကောင်းတွေရတာပေါ့နော် ။ သားက ကျောင်းတက်နေတော့ စာတွေ့ပဲ ရှိသေးတယ် လက်တွေ့မရှိသေးဘူး အတွေ့အကြုံ အများကြီးလိုသေးတယ် ။

မဆင့်က ကိုယ့်သားဆိုတော့ အမှတ်တမဲ့ နေတာ ။ သူကတော့ဖီလင်လေးတွေရှိတယ် ။ သူ့ အမြင်လေးတွေရှိတယ် ။ သူပြောတာများသောအားဖြင့်မှန်တယ် ။ ကိုယ်ကတော့ ကိုယ့်ဖီလင်နဲ့ ကိုယ်အလုပ်လုပ်နေတာ ။ တစ်ခါ တလေကျရင် ကိုယ့်ဖီလင် သူ့ဖီလင် ကိုက်ညီချင်မှ ကိုက်ညီတာဆိုပေမယ့် သားပြောသမျှ လက်ခံလိုက်တယ် ။ အမေ လုပ်လိုက်မယ်ဆိုတော့ သူလည်း ကျေနပ်သွားတယ် ။ သားဆီက အကြံဥာဏ်လေးတွေရတော့ မဆင့်လဲ ကျေနပ်တယ် ။

သားကိုယ်တိုင် ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း မဆင့်ပါချင်သေးတယ် ။ သူကိုလည်းပြောတယ် သားဒါရိုက်တာလုပ်ရင် မေမေပါမယ်ဆိုပြီး ။ ဇာတ်ကားတိုင်းတော့မဟုတ်ဘူးပေါ့နော် ။ အသက်အရွယ်ကလည်းရှိသေးတော့ ဒါကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်နေရတယ် ။

အိမ်ထောင်ကွဲပြီး ၁၅ နှစ်ကြာမှ အလုပ်တွဲ ဖြစ်ပေမယ့် မဆင့်ကတော့ သရုပ်ဆောင်ကိုတော့ ကိုယ်က ကျေနပ်ပြီး အလုပ်လုပ်နေတာ ။ သားကတော့  အမေ နဲ့ တော့ လက်ပွန်းတတီးနေပေမယ့် အဖေ ကိုတော့ သူက နည်းနည်းကြောက်တယ် ။ ရိုက်ကွင်းမှာ အဖေကော အမေကော ရှိတဲ့ အခါကျတော့ သူက အရမ်းကျေနပ်နေတာ ။ ရှင်းရှင်းပြောရရင်မဆင့်တို့က အလုပ်ကိစ္စ ကလွဲရင် ကျန်တာ စကားမပြောဘူး ။ သားသားကတော့ အဖေ နဲ့ အမေ ကို စကားပြောစေချင်တာပေါ့နော်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit: Democracy 


12 Dec 2017     1,278 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment