နောက်ပြောင်ချင်စိတ်နဲ့ ဦးခေါင်းကို ကွန်ရစ်လောင်းချခဲ့သူ(ရုပ်သံ)
12 Dec 2017 1,595 Views
YouTube ပေါ်တွင် ဟာသဗီဒီယိုများ ဖန်တီးရိုက်ကူးသူ ဗြိတိသျှလူငယ်နှစ်ဦးဖြစ်တဲ့ Jay Swingler နဲ့ Romell Henry တို့ဟာ သူတို့ရဲ့ ယူကျူ့ချန်နယ် TGFbro လူကြိုက်များလာစေဖို့ အန္တရာယ်များတဲ့ စွန့်စားခန်းဗီဒီယိုတွေကို ခရစ္စမတ်နေ့ တိုင်တဲ့အထိ ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီအတွက် ဟင်းနွှေးစက်(အိုက်ကရိုဝေ့ဖ်) ထဲမှာ ခေါင်းကို ထည့်ပြီးကွန်ကရစ်လောင်းထည့်တဲ့ ဗီဒီယိုကို ဖန်တီးခဲ့ကြပါတယ်။ ပလက်စတစ်ပိုက်ကို အသုံးပြုပြီး အသက်ရှုဖို့လည်း စီစဉ်ထားပါတယ်။ တစ်ကယ်လုပ်တဲ့အခါမှာတော့ သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာပဲ Jay ရဲ့ ဦးခေါင်းဟာ ကွန်ကရစ်တွေနဲ့ ညပ်နေခဲ့ပြီး အသက်ရှုပိုက်ကနေလဲ ကောင်းကောင်းအသက် မရှုနိုင်တော့ပါဘူး။


ဦးခေါင်းကို ဘယ်လိုမှ ပြန်ထုတ်မရတော့သည့်အဆုံး Ronell Henery က မီးသတ်ကို အရေးပေါ်အကူညီတောင်းခဲ့ရပါတယ်။ မီးသတ်တပ်ဖွဲ့က Jay ကို ကယ်တင်ဖို့ အချိန်ယူကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ ကယ်တင်နိုင်ခဲ့ပါတယ်။








