BEC-TERO TV

သရုပ်ဆောင် နိုင်နိုင်း က Idol ပါလို့ပြောလိုက်တဲ့ မေမြတ်နိုး

12 Dec 2017     1,412 Views


မော်ဒယ် အလှမယ် မေမြတ်နိုးဟာ သရုပ်ဆောင်လောကထဲကို ၀င်ရောက်လာပြီလဲ ဖြစ်ပါတယ် ။ လတ်တလော ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း ၊ အောင်ရဲထွေး တို့နဲ့ အတူ သရုပ်ဆောင်ထားပါသေးတယ် ။

“ဒိုင်ယာရီ ရုပ်ရှင်ကား ကာရိုက်တာက တအားကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး ရိုးရိုးကောင်မလေးပါပဲ ။ ဒါပေမယ့် အိုက်တင်တွေ လုပ်ရတာတော့ တအားခက်ခဲပါတယ် ။ မြတ်နိုး လေးစားအားကျရတဲ့ Idol ကိုနိုင်နိုင်းကလည်း အများကြီး သင်ပေးပါတယ် ။ သရုပ်ဆောင်နဲ့ အပိုင်းရော လူမှုရေးအပိုင်းတွေကော အများကြီး သင်ပေးတယ် ။

ဇာတ်ကားရိုက်ကူးတဲ့ အခါ ရိုက်ကွင်းမှာ အဆင်ပြေမှုတွေရှိသလို အဆင်မပြေမှုတွေလည်းအများကြီးရှိပါတယ် ။ ဒါရိုက်တာ ကိုဂျိုးကလည်း အများကြီး သင်ပေးပါတယ် ။ ဒရာမာဇာတ်ကားမှာ ခေါင်းဆောင်မငိးသမီး အနေနဲ့ သရုပ်ဆောင်ရတာ အခက်အခဲတွေ အများကြီး ရှိခဲ့ ပါတယ် ။ အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ တဲ့ အတွက် နောက်ဇာတ်ကားတွေ အတွက်လည်း တော်တော် အဆင်ပြေသွားပါတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit: popular 


12 Dec 2017     1,412 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment