BEC-TERO TV

အိုလံပစ်မီးတိုင်သယ်ဆောင်လာတဲ့စက်ရုပ်

13 Dec 2017     1,233 Views


တောင်ကိုးရီးယားနိုင်ငံ တွင်ကျင်းပမဲ့ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် အချိန်ဟာ နှစ်လတောင်မကျန်တော့ ပါဘူး။ ဒါ့ကြောင့်  အိုလံပစ်မီးတိုင်ကို အားကစားသမားများ ၊ boy-band အဖွဲ့ဝင်များနဲ့ ပြည်သူများ အကူအညီဖြင့် တောင်ကိုးရီးယားနိုင်ငံတစ်လျှောက် သယ်ဆောင်လာ ခဲ့ပါတယ်။

အိုလံပစ်မီးတိုင် သယ်ယူရာတွင် လူသားနှင့်တူသော စက်ရုပ်က မီးတိုင်ကိုသယ်ယူခွင့်ရ ရှိ ခဲ့ပါတယ်။ ၄င်းစက်ရုပ်သည် ပေ ၅၀၀သို့ လမ်းလျှောက်ခဲ့ပီး အုတ်ပုံစံဆေးချယ်ထားသော သစ်သားနံရံ ကို လွန် နဲ့ ဖောက်၍ စက်ရုပ်ကို တီထွင်ခဲ့သူ ပရော်ဖက်ဆာ အိုဂျွန်ဟွန် ဆီသို့ မီးတိုင်ကို ကမ်းပေးခဲ့ ပါတယ်။ထိုဖြစ်ရက်ကို ကိုးရီးယားသတင်းတွင် ထုတ်လွှင့်ခဲ့ပါတယ်။ထိုစက်ရုပ်ကိုတော့ ဟူဘို ဟုခေါ်၍ ၄င်း၏အဓိကရည်ရွယ်ချက်မှာ ကယ်ဆယ်ရေးလုပ်ဆောင်ချက်များတွင် အသုံးပြုရန်ဖြစ်သည်။

ဟူဘိုသည် ပြုံချမ်း အိုလံပစ် အတွက် လုံခြုံရေး၊သတင်းအချက်အလက်ဝန်ဆောင်ရေး မှအစ သန့်ရှင်းရေး အထိ အသုံးပြုသွားမဲ့စက်ရုပ်ပေါင်း ၈၅ ရုပ် ထဲမှ တစ်ရုပ်ဖြစ်ပါတယ်။ ဟူဘို ဟာ ပရော်ဖက်ဆာ ဟောင်ဆီမှ မီးတိုင်ကိုယူကာ နံရံ ဆီသို့ယူဆောင်ရာတွင်ပထမ နံရံ နဲ့တိုက်မိကာလဲကျမလိုဖြစ်ခဲ့၍ဘေးမှ လူများမှ ကူညီ ထောင်မတ်ပေးခဲ့ရပါတယ်။ နောက်မှသာ နံရံ ကို လွန်ဖြင့်အောင်မြင်စွာ ဖောက်၍ ဟူဘို၏ ဖခင် ဖြစ်သူ ပရော်ဖက်ဆာ အိုဂျွန်ဟွန် ဆီသို့ မီးတိုင် ကို အောင်မြင်စွာ ကမ်းပေးခဲ့တာ ဖြစ်ပါတယ်။


13 Dec 2017     1,233 Views




RELATED

Most Popular of Special or Others

Most Popular of NEWS