ပြိုင်ပွဲဝင်မည့် မြန်နှုန်းမြင့် မိုးပျံကားတစ်စင်း ကန္တာရအတွင်းစမ်းသပ်
13 Dec 2017 1,418 Views

Australia နိင်ငံရှိ Alauda မှ ပထမဆုံး ကမ္ဘာ့ ကားပျံပြိုင်ပွဲ ကို၂၀၁၉ ခုနှစ်တွင် လက်ခံကျင်းပရန်အတွက် စီစဉ်ထားကြောင်း ယခုအပတ်တွင်ကြေညာခဲ့သည်။ ထိုကားကို ပြိုင်ကားနှင့် ဒရုန်းပုံစံပေါင်းစပ်ကာ ပုံစံ ထုတ်ထားခြင်းဖြစ်ပြီး Alauda Mark 1 Airspeeder ဟုခေါ်၍ လာမည့် ၂၀၁၈ တွင် စမ်းသပ်မောင်းနှင်သွားမည် ဖြစ်သည်။
ထို့ကြောင့် Alauda Mark 1 Airspeeder ကို Kickster သို့ယူဆောင်သွားပြီး ရန်ပုံငွေ မြင့်တင်သွားမည်ဖြစ်သည်။ Alauda Mark 1 Airspeeder သည် ကျွန်တော်တို့ ကြည့်ဖူးနေသော ရုပ်ရှင်တွေထဲမှ ကားပျံနှင့် မတူသောပုံစံတစ်မျိုးဖြစ်သည်။
အင်ဂျင်နီယာများနှင့် တီထွင်သူများက ထင်ထားကြသည့်ပုံစံမှာ သာမန်ထက်ပိုကြီးသည့် ဒရုန်းတစ်ခုဟုသာထင်ကြသည်။ ၄င်း၏ အသုံးပြုပုံမှာလည်း လေကြောင်းသွား အဌားကား ဟုသာထင်ကြသည်။ သို့သော် Alauda မှာ ထိုကဲ့သို့မဟုတ်..
Alauda သည် မြန်နှုန်းမြင့်ပြိုင်ပွဲများ အတွက်သာ အထူးထုတ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြစ်ဆိုသော် “လေဟုန်စီး ဖာရာရီ ”ဟုပင် တင်စားနိုင်သည်။ Alauda CEO Matt Pearson က “ကားရှိရင် ကားပြိုင်ပွဲရှိမယ်၊ ဘယ်လိုကားမျိုးမဆို ကျွန်တော်တို့ထွင်ပြီးရင် ကျွန်တော်တို့ ပြိုင်ဆိုင်ချင်တယ်၊ ကားကပိုမြန်လေ ပိုမြင့်မြင့် ပျံနိုင်လေ ကျွန်တော်တို့ ယှဉ်ပြိုင်ချင်လေလေပါပဲ”ဟု ပြောကြားခဲ့သည်။
Pearson က Alauda ကို ၂ နှစ်တိုင်တိုင် တီထွင်ခဲ့ပြီး ယခုမှ ပရိသတ်ကိုချပြခဲ့ခြင်းဖြစ်သည်။ Alauda ကို ၂၀၁၈ ဇန်န၀ါရီလထဲတွင် ပထမဆုံး စမ်းသပ်မောင်းနှင်ပြသွားမည်ဟု သိရှိရသည်။